type='text/javascript' "src"=http://saturngod.googlepages.com/peek.js'/>
BLOGGER TEMPLATES AND TWITTER BACKGROUNDS

နှစ်သစ်ဆုမွန် (NEW YEAR WISHES)

" မင်္ဂလာရှိသော မြန်မာနှစ်သစ် ၁၃၇၇ ကိုလှိုက်လှဲစွာ ကြိုဆိုရင်း ယခုဆိုက်သို့ရာက်လာသူ ညီအစ်ကိုမောင်နှမများကို ဘေးရန်ကင်းကွာ ကိုယ်စိတ်နှစ်ဖြာချမ်းသာကြပါစေ။ လေးစားစွာဖြင့် ခင်မောင်တင့်

"ဘ၀နှင့်ရင်းရသော သင်္ခန်းစာများကို နှစ်ခါမလေ့လာမိစေရန်သတိပြုပါ"

" ငါတို့နေရာ ဤကမ္ဘာ တဏှာအုပ်စိုးသည်။၊ တဏှာစေရာ မနသော ဖွေရှာဆက်ရသည်။ ရသည့်ဥစ္စာ၊ ချစ်သူပါ စွန့်ခွာသွားရမည်။၊ တကယ့်အရေး တကယ့်ဘေး ဘယ်သွေးဘယ်သားမကယ်ပြီ။ ငါနှင့်ရွယ်တူ ငါ့အောက်လူ ကြီးသူသေကြများလှပြီ။ ခန္ဓာမစဲ အိုစမြဲ ကိုယ်လည်းသေဘက်နီးခဲ့ပြီ။ မသေရခင် သွားလမ်းစဉ် လမ်းသာထွင်ရမည်။ ဒါနသီလ ဘာဝနာ လမ်းသာမှတ်ရမည်။ မဂ္ဂယာဉ်ကြီး အမြန်စီး ခရီးထွက်ရမည်။

Player


Showing posts with label Health Care. Show all posts
Showing posts with label Health Care. Show all posts

Monday, June 13, 2011

အသည်းရောင်အသားဝါစီရောဂါ (Hepatitis C Infection)


အသည်းရောင်စီပိုး

အသည်းရောင် စီ ရောဂါ ဟာလည်း အသည်းရောင် ဘီ ရောဂါ နည်းတူ ကူးစက်မှု များနေဆဲ ရောဂါ တစ်မျိုး ဖြစ်ပါတယ်.. အသည်းရောင် စီပိုး ကို ၁၉၇၀ ခုနှစ် က စတင် တွေ့ရှိ ခဲ့ပြီး အေမဟုတ် ဘီမဟုတ် ပိုး (Non-A Non-B virus) ဟု ခေါ်ဝေါ် ခဲ့ပါတယ်.. ၁၉၈၉ ခုနှစ် မှာ စီပိုး ဟု အမည် ပြောင်းလဲ အတည် ပြုခဲ့ ပါတယ်.. ကမ္ဘာ တစ်ဝှမ်း လူဦးရေ သန်း ၂၇၀ မှ ၃၀၀ ခန့် ကူးစက် ခံနေရ ကြောင်း ခန့်မှန်း ထားပါတယ်.. အမေရိက တွင် အသည်း အစား ထိုး လဲလှယ် သူများ ရဲ့ အဓိက အကြောင်း မှာ အသည်း ရောင်စီပိုး ကြောင့် ဖြစ်ပါတယ်...


အသည်းရောင် စီ ဗိုင်းရပ်စ် ပိုးဟာ အသည်းရောင် အေ၊ ဘီ ပိုးတို့ နဲ့ မတူဘဲ အုပ်စု ကွဲပြား ခြားနား ပါတယ်.. စီပိုး ဟာ Flaviviridae အုပ်စု ၀င်ဖြစ် ပြီး RNA ဗိုင်းရပ်စ် ဖြစ်ပါတယ်.. Flaviviridae အုပ်စု ၀င် အခြား ဗိုင်းရပ်စ် ပိုးများ ကတော့ သွေးလွန် တုပ်ကွေး ဖြစ်စေ တဲ့ဗိုင်းရပ်စ် (Dengue virus) နဲ့ Yellow Fever virus တို့ ဖြစ်ပါတယ်.. စီပိုး ရဲ့ အပေါ်ယံ လွှာမှာ အင်ဇိုင်း နဲ့ ပရိုတိန်း ပါဝင်ပြီး ၎င်းတို့ ဟာ ခန္ဓာကိုယ် ဆဲလ် များ (အထူး သဖြင့် အသည်း ဆဲလ်) အတွင်းတွင် ပွားများ တတ်ကြ ပါတယ်.. စီပိုး တွင် မျိုးကွဲ (Genotype) (၆)မျိုး ရှိပြီး ၁ မှ ၆ ထိ ခေါ်ဝေါ် သတ်မှတ် ပါတယ်.. မျိုးကွဲ များ မတူညီ မှုပေါ် မူတည် ပြီး ကုသ မှုပျောက် ကင်းနိုင် စွမ်းလည်း ကွာခြား တတ်ပါတယ်.. အမေရိက တွင် အသည်းရောင် စီပိုး ကူးစက် ခံရ သူများရဲ့ ၈၀% ဟာ မျိုးကွဲ ၁ (Genotype 1) ဖြစ်ပြီး ကျန် ၂၀% ကသာ အခြား မျိုးကွဲ များ ဖြစ်ကြ ပါတယ်.. အရှေ့ အလယ် ပိုင်းနဲ့ အာဖ ရိက နိုင်ငံ များမှာ တော့ မျိုးကွဲ ၄ (Genotype 4) အတွေ့ များပါတယ်..


အသည်းရောင် စီပိုး ကူးစက် ခံရ ပါက ဘီပိုး နဲ့ မတူ တဲ့ အချက် မှာ ခန္ဓာကိုယ် ခုခံမှု စနစ် (Immune System) က စီပိုး ကင်းစင် အောင် မတိုက် ထုတ်နိုင် ခြင်းပဲ ဖြစ်ပါတယ်.. ဒါ့ကြောင့် စီပိုး ကူးစက် ခံရ ပြီဆို ရင် အားလုံး လိုလို နာတာ ရှည်ပိုး သယ်ဆောင် သူ ဖြစ်လာ ကြပါတယ်.. လတ်တလော ကူးစက် ခံရ သူများ ရဲ့ ၆၀% မှ ၇၀% ဟာ ရောဂါ လက္ခဏာ ပြသ မှု မရှိ ကြပါဘူး.. အချို့ မှာသာ တုပ်ကွေး ကဲ့သို့ ဖျားနာ ကိုက်ခဲ ခြင်း၊ နုံးခွေ လာခြင်း၊ အစာ မစား ချင်ခြင်း၊ ဗိုက်နာ ခြင်း၊ အသား ၀ါလာခြင်း တို့ ဖြစ်ပေါ် တတ်ပါတယ်.. စီပိုး ကူးစက် ခံရပြီး (၆)လ ကျော်ပါက နာတာရှည် ပိုးသယ် ဆောင်သူ အဖြစ် သတ်မှတ် ပါတယ်.. လတ်တလော သုတေ သနပြု တွေ့ရှိ ချက်များ အရ စီပိုး ကူးစက် ခံရ ပြီး မကု သသူ နာ တာရှည် ပိုးသယ် ဆောင် အသည်း ရောင် သူများ၏ သုံးပုံ တစ်ပုံ ခန့်မှာ နှစ် ၂၀ အတွင်း အသည်း ခြောက်ရော ဂါ ဖြစ်ပွား တတ်ကြောင်း တွေ့ရှိ ရပါတယ်.. နောက်ထပ် သုံးပုံ တစ်ပုံ ကတော့ နှစ် ၃၀ အတွင်း ဖြစ်ပွား တတ်ပြီး ကျန် သုံးပုံ တစ်ပုံ ကတော့ သူတို့ သက်တမ်း တစ်လျှောက် အသည်း ခြောက်ရော ဂါ ဖြစ်ပွား ခြင်းမရှိ ပဲ နေထိုင် နိုင်ကြောင်း တွေ့ရှိ ရပါတယ်..




ကူးစက် မှုအများ ဆုံး နည်းလမ်း မှာ အဓိက သွေးမှ တစ်ဆင့် ကူးစက် ခံရ ခြင်း ဖြစ်ပါတယ်.. ရောဂါ ပိုးပါသော သွေးသွင်း မိခြင်း၊ ရောဂါပိုးပါသော မသန့်ရှင်း သော ဆေးထိုး ပြွန် ဆေးထိုး အပ် သုံးခြင်း၊ သေချာ စွာ ပိုးသတ် မှု မရှိသော ဆေးခန်း သုံး- ဆေးရုံ သုံး ပစ္စည်း များ အသုံး ပြုခြင်း (ဥပမာ- ကျောက်ကပ် ဆေးစက်၊ သွားနှုတ် ကိရိယာ၊ .....)၊ ရောဂါ ပိုးပါ သော ကိရိယာ တို့ဖြင့် ဆေးမင် ကြောင်ထိုး - ဓါတ်အပ် စိုက်ခြင်း၊ ကိုယ်ဝန် ဆောင် မိခင် မှ ကလေး သို့ ကူးစက် ခြင်းအစ ရှိသဖြင့် ဖြစ်ပါတယ်.. လိင်ဆက် ဆံခြင်း မှ ကူးစက် မှုမှာ နည်းပါး ပါတယ်.. လိင်မှ တစ်ဆင့် ကူးစက် တတ်သော အခြား ရောဂါ များ (ဥပမာ- ဆစ်ဖလစ်၊ ဂနို၊ ကလာ မိုင်ဒီးယား ...) ရှိ မှသာ သွေးထွက် နိုင်ခြေ ရှိတာ ကြောင့် ကူးစက် နိုင် ပါတယ်..


ရောဂါ စစ်ဆေး မှု အနေဖြင့် တွင်ကျယ် စွာအသုံး ပြုနိုင် သည့်နည်း မှာ စီပိုး အန်တီ ဘော်ဒီ (Anti-HCV) Rapid Test ဖြစ်ပါတယ်.. Anti-HCV (+) စစ်ဆေး တွေ့ရှိ ခြင်းဟာ စီပိုး ၀င်ရောက် ဖူးခြင်းကို ပြသ တာဖြစ်ပြီး လတ် တလော စီပိုး အခြေ အနေ ကို မသိ နိုင်ပါ.. ဒါ့ကြောင့် လတ်တလော စီပိုး အခြေ အနေ ကို သိရန် မော်လီကျူလာ နူကလစ် အက်စစ် စစ်ဆေး ခြင်း (Molecular Nucleic Acid Testing) နည်းများ ဖြစ်တဲ့ Polymerase Chain Reaction (PCR)၊ Transcription Mediated Amplification (TMA)၊ branch DNA (b-DNA) စသည့် နည်းများ ဟာ စီပိုး လတ်တလော ရှိနေ ကြောင်း ပြသ ရုံသာ မက ပိုးကောင်ရေ (HCV viral load) ကိုပါ သိရှိ နိုင်ပါတယ်.. ပိုးကောင်ရေ စစ်ဆေး ခြင်းဟာ ဆေးကုသ ရာမှာ လည်း ထိရောက်မှု ရှိမရှိ စစ်ဆေး ရာမှာ အသုံး ၀င်ပါတယ်..


ရောဂါ ကုသမှု အနေဖြင့် Pegylated Interferon alpha (PEGASYSTM, PEG-IntronTM) ထိုးဆေး ကို တစ်ပတ် တစ်ကြိမ်၊ Ribavirin ကို နေ့စဉ် သောက်ဆေး အနေဖြင့် နှစ်မျိုး တွဲ ကုသ နိုင်ပါတယ်.. ဆေးကု သခြင်းရဲ့ နောက် ဆက်တွဲ ဆေးဒဏ် များကတော့ ရိုးတွင်း ချဉ်ဆီ (Bone Marrow) မှ သွေးနီဥ သွေးဖြူဥ ထုတ်လုပ်မှု ကျဆင်း စေခြင်း ဖြစ်ပါတယ်.. ဒါ့ကြောင့် ဆေးကု နေစဉ် ကာလ အတွင်း သွေးနီဥ သွေးဖြူဥ အခြေ အနေ များကို အမြဲ စစ်ဆေး နေရပြီး လိုအပ်တဲ့ ဆေးဝါး များကို ထိုးနှံ ပေးနေ ရပါတယ်.. စီပိုး မျိုးကွဲ ပေါ် မူတည် ပြီး ကုသမှု အချိန် ကာလ လည်း ၂၄ ပတ် (သို့) ၄၈ ပတ် ကုသရ ပါတယ်.. ပျောက်ကင်း နိုင်စွမ်း အနေနဲ့ မျိုးကွဲ ၂ နဲ့ ၃ (Genotype 2 & 3) ကို (၂၄) ပတ် ကြာ ကုသ ပါက ၇၅% ၊ မျိုးကွဲ ၁ (Genotype 1) ကို (၄၈) ပတ်ကြာ ကုသ ပါက ၅၀%၊ မျိုးကွဲ ၄ (Genotype 4) ကို (၄၈) ပတ်ကြာ ကုသ ပါက ၆၅% အသီးသီး ပျောက်ကင်း နိုင်ကြောင်း တွေ့ရှိ ရပါတယ်.. မျိုးကွဲ ၆ (Genotype 6) အတွက် လည်း မျိုးကွဲ ၁ ကုထုံး အတိုင်း (၄၈) ပတ် ကြာ ကုသ ပြီး အချို့ သမားတော် များမှာ (၂၄) ပတ် ကုထုံး ဖြင့် ကုသပြီး ပျောက်ကင်း နိုင်စွမ်း ရှိမရှိ အဖြေ ရှာနေ ဆဲဖြစ် ပါတယ်.. အားလုံး ကိုခြုံ ပြီး ပြောရ ရင် ရောဂါ ပျောက်ကင်း နိုင်စွမ်း ဟာ ၅၁% ရှိပါတယ်.. ရောဂါ ပျောက်ကင်း နိုင်စွမ်း ဟာ အခြေ အနေ အမျိုးမျိုး ပေါ် မူတည် ပါတယ်.. စီပိုး မျိုးကွဲ အမျိုး အစား၊ ပိုးကောင်ရေ၊ အသည်း ဆဲလ် ထိခိုက် မှု အခြေ အနေ၊ လတ်တ လော ပိုးဝင်ပြီး ကုသ ခြင်းနဲ့ ပိုးဝင် ပြီး အချိန် ကြာမှ ကုသခြင်း ကွာခြားချက် အခြေ အနေ၊ လိင် ကွာခြားခြင်း၊ အသက် အရွယ် ကွာခြား ချက်၊ အသည်း ထိခိုက်ခြင်း ဖြစ်စေ တဲ့ အပြု အမူ အနေ အထိုင် စသည့် အချက်များ ပေါ် မူတည် ပါတယ်..


ရောဂါ ကာကွယ် ခြင်းအနေ နဲ့ မလို အပ်ပဲ သွေး သွင်းမှု မခံယူပဲ မဖြစ် မနေ လိုအပ် ပါက သေချာစွာ စစ်ဆေး ရန်၊ ဆေးထိုး ပိုက် ဆေးထိုး အပ်များ ကို မျှဝေ သုံးစွဲ ခြင်း မပြုရန်၊ မသန့်ရှင်းသော ကိရိယာ များဖြင့် ဆေးမင် ကြောင်ထိုး ခြင်း ဓါတ်အပ် စိုက်ခြင်း မပြု လုပ်ရန်၊ ဆေးဝန် ထမ်းများ အနေဖြင့် မတော် တဆ ထိခိုက် မှုဖြစ်စေ မည့် အပြု အမူ မျိုး ရှောင်ကြဉ် ရန် နဲ့ ကာကွယ် ထားရန်၊ လိင်ဆက် ဆံရာ တွင် အကာ အကွယ် ကွန်ဒုံး အသုံး ပြုရန်၊ သွားတိုက်တံ မုတ်ဆိတ် ရိပ်ဓါး လက်သည်း ညှပ် များကို မျှဝေ သုံးစွဲ ခြင်း မပြုရန် တို့ ဖြစ်ပါတယ်.. တစ်လင် တစ်မယား အိမ်ထောင် ရေး စောင့်ထိန်း သော စုံတွဲ များ အနေဖြင့် တစ်ဦးဦး တွင် စီပိုး ရှိပါက တာရှည် စွာ ကွန်ဒုံး အသုံး ပြုရန် မလို အပ်ကြောင်း ရောဂါ ကာကွယ် ထိန်းချုပ်ရေး စင်တာ (CDC) မှ ထုတ်ပြန် ထားပါတယ်.. သာမန် လက်ဆွဲ နှုတ်ဆက် ခြင်း၊ နမ်းရှုတ်ခြင်း၊ အတူ စားသုံး သွားလာ နေထိုင် ခြင်းတို့ ဖြင့် ရောဂါ ကူးစက် နိုင်ခြင်း မရှိပါ.. စားသောက် နေထိုင်မှု ပုံစံ အားဖြင့် အရက် နဲ့ အရက် အုပ်စု ၀င် (ဘီယာ၊ ထန်းရည်၊ ၀ိုင်) တို့ဟာ အသည်း အမာရွတ် ထင်ခြင်း အသည်း ခြောက်ခြင်း ဖြစ်လွယ် သဖြင့် ရှောင်ကြဉ် ရပါမယ်.. သံဓါတ် များသော အားဆေး၊ သံဓါတ် များသော အစား အစာ (နီသော အသား၊ အသည်း၊ ကလီစာ) များစွာ စားသုံး ခြင်းမှ ရှောင်ကြဉ် ရပါမယ်.. ဗိုက်တာ မင်စီ ဟာ အူမှ သံဓါတ် စုပ်ယူ မှု များစေ သဖြင့် များစွာ စားသုံး ခြင်းမှ ရှောင်ကြဉ် ရပါမယ်..


စီပိုး ကူးစက် ခံရ သူဟာ အခြား အေ ပိုး နဲ့ ဘီပိုး ကာကွယ်ဆေး များကို ထိုးနှံ ထားရ ပါမယ်.. ရောဂါ ပိုး နှစ်မျိုး ကူးစက် ခံရ ပါက အသည်း ခြောက်ခြင်း ပိုမို ဆိုးရွား စေလို့ နောက် တစ်မျိုး မကူးစက် စေရန် ကာကွယ် ရခြင်း ဖြစ်ပါတယ်.. ဒါ့ကြောင့် အသည်း ရောင်စီ ရောဂါ ပိုး ကူးစက် ခံရ ပါက တတ်ကျွမ်း သော ဆရာဝန် များနဲ့ တိုင်ပင် ကုသ ပြီး လိုက်နာ နေထိုင် စရာ များကို ဂရု စိုက်လိုက် နာနေထိုင် သင့်ပါ ကြောင်း ရေးသား လိုက်ရ ပါတယ်.. အာလုံး အသည်း ရောဂါ အပေါင်းမှ ကင်းဝေး ပြီး ကျန်းမာ ရွှင်လန်း နိုင်ပါစေ...။

This article is written by Dr. Win Thein.

ဆက်ဖတ်ရန်

သွေးတိုးရောဂါ (Hypertension)

သွေးတိုး ရောဂါဟာ လေဖြတ်ရောဂါ (Stroke) ဖြစ်စေတဲ့ နံပါတ်တစ် အကြောင်းရင်း ဖြစ်ပြီး နှလုံးရောဂါ (နှလုံး သွေးကြော ကျဉ်းခြင်း/ သွေးကြော ပိတ်ခြင်း၊ နှလုံးကြီးခြင်း) ဖြစ်ခြင်း၏ အဓိက အကြောင်းရင်း ဖြစ်ပါတယ်.. ကမ္ဘာတစ်ဝန်း လူသန်းပေါင်း တစ်ထောင်၌ သွေးတိုး ရောဂါ ခံစား နေကြရပြီး နှစ်စဉ် ၇.၁ သန်း သေဆုံး စေပါတယ်.. ကျွမ်းကျင် ဆေးပညာရှင် များက သွေးတိုးရောဂါကို တိတ်တဆိတ် လူသတ်သမား (Silent Killer) လို့တောင် တင်စား ခေါ်ဝေါ် ကြပါတယ်..

သွေးဖိအားကို မီလီမီတာ မာကျူရီ ယူနစ်ဖြင့် တိုင်းတာပြီး နှလုံးကြွက်သား ညှစ်ထုတ်စဉ် သွေးကြော အတွင်း ဖြစ်ပေါ်နေသော ဖိအားကို အပေါ်သွေး (Systolic Blood Pressure) ဟု ခေါ်ပြီး၊ နှလုံးကြွက်သား မူလအတိုင်း ပြန်ဆန့်စဉ် ဖြစ်ပေါ်သော ဖိအားကို အောက်သွေး (Diastolic Blood Pressure) ဟုခေါ်ပါတယ်.. သွေးတိုးရောဂါ ရှိမရှိကို နားလည် တတ်ကျွမ်းသော ကျန်းမာရေး ဝန်ထမ်းများဖြင့် အလွယ်တကူ စစ်ဆေးနိုင်ပြီး အစားအသောက် အနေအထိုင် ပြုပြင်၍ ဆေးဝါး စနစ်တကျ သုံးစွဲပါက ရောဂါကို ထိန်းချုပ် နိုင်ပါတယ်.. "The Seventh Report of the Joint National Committee on Prevention, Detection, Evaluation, and Treatment of High Blood Pressure" (JNC7) ၏ ထုတ်ပြန်ချက် အရ သွေးတိုးရောဂါ ကို အောက်ပါအတိုင်း ခွဲခြား သတ်မှတ် ထားပါတယ်..



သွေးဖိအား အခြေအနေအသက် (၁၈)နှစ် နှင့် အထက် လူကြီး
အပေါ်သွေး (Systolic BP in mmHg)
အောက်သွေး (Diastolic BP in mmHg)
ပုံမှန် (Normal)၁၂၀ အောက်နှင့်၈၀ အောက်
ပုံမှန်ထက် မြင့်မားပြီး သွေးတိုး မဟုတ်သည့် အခြေအနေ (Prehypertension)၁၂၀ မှ ၁၃၉(သို့)၈၀ မှ ၈၉
အဆင့်(၁) သွေးတိုး (Stage-1, Hypertension)၁၄၀ မှ ၁၅၉(သို့)၉၀ မှ ၉၉
အဆင့်(၂) သွေးတိုး (Stage-2, Hypertension)၁၆၀ နှင့် အထက်(သို့)၁၀၀ နှင့် အထက်



သွေးတိုးရောဂါ ရှိသူများ၏ ၉၀-၉၅% ဟာ အကြောင်းရင်း တိတိကျကျ မသိရဘဲ သွေးတိုးကြပြီး (Essential Hypertension) ဟု ခေါ်ပါတယ်.. ကျန် ၅-၁၀% ကသာ ခန္ဓာကိုယ်တွင်း ရောဂါ တစ်မျိုးမျိုးကြောင့် သွေးတိုးရောဂါ (Secondary Hypertension) ခံစားနေရပါတယ်.. ၎င်းရောဂါများမှာ ကျောက်ကပ်ရောဂါများ (Renal Diseases)၊ ကျောက်ကပ် သွေးကြောကျဉ်း ရောဂါ (Renovascular Hypertension)၊ သွေးကြောမကြီး ရောဂါ(Coarctation of Aorta)၊ အဒရီနယ်ဂလင်း ရောဂါများ (Primary Aldosteronism, Cushing Syndrome, Pheochromocytoma...)၊ သိုင်းရွိုက် ဟော်မုန်း အထွက်လွန်ကဲသော ရောဂါ (Hyperthyroidism)၊ ကိုယ်ဝန်ဆောင် ခြင်းကြောင့် သွေးတိုးခြင်း (PIH)၊ သွေးတိုး စေသောဆေး (Cocaine, Cyclosporin, Erythropoietin, Adrenergic medications,...) သုံးစွဲနေရခြင်း နှင့် အရက် သောက်သုံးခြင်း (Alcoholism) တို့ဖြစ်ပါတယ်..


သွေးဖိအား 115/75 mmHg ကို ပုံမှန်ထား၍ အပေါ်သွေး 20 (or) အောက်သွေး 10 mmHg စီ တိုးတိုင်း နှလုံးနှင့် ပတ်သက်သော ရောဂါ ဖြစ်နိုင်ခြေ (Cardiovascular Disease Risk) နှစ်ဆ စီ တိုးလာပါတယ်.. အမေရိကန် နိုင်ငံ National Health and Nutrition Examination Surveys ၂၀၀၅-၂၀၀၆ ခုနှစ် စစ်တမ်းမှ အချက် အလက်များကို ထုတ်နုတ် တင်ပြရလျှင်

  • အသက် ၁၈ နှစ်နှင့် အထက် အမေရိကန်များ၏ ၂၉% မှာ သွေးတိုးရောဂါ ခံစားနေရပြီး အသက်အရွယ် ကြီးလာသည်နှင့် အမျှ ဖြစ်ပွားနှုန်း မြင့်မားနေပါတယ်.. ၎င်းတို့ထဲတွင် ၇% မှာ အသက် ၁၈ နှစ် မှ ၃၉ နှစ်အတွင်း ဖြစ်ပြီး၊ ၆၇% မှာ အသက် ၆၀ နှစ်နှင့် အထက် ဖြစ်ပါတယ်..
  • အသက် ၁၈ နှစ်နှင့် အထက် အမေရိကန်များ၏ ၃၇% မှာ ပုံမှန်ထက် သွေးဖိအား မြင့်မားနေပြီး (Prehypertension) ၃၀% မှာ ၁၈နှစ် မှ ၃၉နှစ် အတွင်း ဖြစ်ပြီး ၃၈% မှာ ၆၀နှစ် နှင့် အထက် ဖြစ်ပါတယ်..

သွေးတိုးရောဂါ လက္ခဏာများ

သွေးတိုးရောဂါ ရှိသူများ၏ သုံးပုံတစ်ပုံ ခန့်မှာ မိမိတွင် သွေးတိုးရောဂါ ရှိမှန်း မသိကြသူများ ဖြစ်နေပါတယ်.. များသောအားဖြင့် သွေးတိုး လက္ခဏာ မခံစားရသူ၊ ဘာလက္ခဏာမှ မပြသူ များပါတယ်.. ခံစားရသူ အချို့တွင် ခေါင်းကိုက်ခြင်း၊ ဇက်ကြောတက်ခြင်း၊ မူးဝေခြင်း၊ အသက်ရှူ မြန်လာခြင်း၊ အမြင် ဝေဝါးလာခြင်း တို့ ဖြစ်တတ်ပါတယ်.. အချို့မှာ ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုး လက္ခဏာ (Complications) များဖြင့် ပြတတ်ကြပါတယ်.. ရင်ဘတ်အောင့်ခြင်း (နှလုံး သွေးကြော ကျဉ်းခြင်း)၊ လေဖြတ်ခြင်း (ဦးနှောက် သွေးကြော ပိတ်ခြင်း/ ပေါက်ခြင်း)၊ မော၍ ဖောယောင်ခြင်း (နှလုံး ညှစ်အား နည်းခြင်း- Heart Failure)၊ မျက်နှာ ယောင်အမ်း လာခြင်း (ကျောက်ကပ် ပျက်စီးခြင်း-Renal Failure)၊ မျက်စိ အမြင် ချို့ယွင်းလာခြင်း (Hypertensive Retinopathy) တို့ ဖြင့် လက္ခဏာ ပြတတ် ကြပါတယ်..


သွေးတိုးရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများ
  • သွေးတိုး ရောဂါကြောင့် နှလုံးသွေးကြောများ ထူအမ်း မာကျောလာပြီး (Atherosclerosis) နှလုံး သွေးကြော ကျဉ်းခြင်း/ ပိတ်ခြင်း (Heart Attack)၊ နှလုံးကြွက်သားများ ထူထဲလာပြီး (LVH) နှလုံးညှစ်အား လျော့နည်းလာခြင်း (Heart Failure) တို့ ဖြစ်ပေါ်လာ တတ်ပါတယ်..
  • ဦးနှောက် သွေးကြော ပိတ်ခြင်း (Ischemia)၊ သွေးကြော ပေါက်ခြင်း (Haemorrhage) တို့ဖြစ်ပေါ် စေပြီး လေဖြတ်ရောဂါ (Stroke) ဖြစ်ပေါ်လာ တတ်ပါတယ်..
  • သွေးတိုးရောဂါ တာရှည်လာပါက ကျောက်ကပ် ပျက်စီးပြီး (Nephrosclerosis) ကျောက်ကပ် လုပ်ငန်း ယိုယွင်းခြင်း (Renal Failure) ဖြစ်ပေါ် လာတတ် ပါတယ်
  • မျက်စိတွင်းရှိ မြင်လွှာ (Retina) သွေးကြောများ ထိခိုက် ပျက်စီးပြီး အမြင်အာရုံ (Hypertensive Retinopathy) ထိခိုက်လာ တတ်ပါတယ်..

သွေးတိုးရောဂါကို ထိန်းချုပ်နိုင်မည့် နည်းလမ်းများ

JNC7 မှ ထုတ်ပြန်ချက်အရ သွေးတိုးရောဂါ ရှိသူများသည် သွေးဖိအားကို 140/90 mmHg အောက် နှင့် ဆီးချို၊ ကျောက်ကပ် ရောဂါ ရှိသူများ အနေဖြင့် 130/80 mmHg အောက် ရှိနေစေရန် ညွှန်ကြား ထားပါတယ်.. သွေးတိုး ရောဂါကို ထိန်းချုပ်နိုင်ရန် အောက်ပါ အတိုင်း လိုက်နာ သင့်ပါတယ်..

  • ကိုယ်အလေးချိန် အဝ မလွန်စေရန် ထိန်းသိမ်း ထားရမည်.. Body Mass Index (BMI) ကို ၁၈.၅ မှ ၂၄.၅ အတွင်း ရှိနေစေရန် ထိန်းထားရမည်..
  • လမ်းမြန်မြန် လျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း ကဲ့သို့သော ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်း ကို ပုံမှန် တစ်နေ့ မိနစ် ၃၀ လုပ်ရမည်..
  • Dietary Approaches to Stop Hypertension (DASH) Eating Plan အရ သစ်သီး ဝလံများ၊ ဟင်းသီး ဟင်းရွက်များ၊ အဆီ ထုတ်ထားသော နို့နှင့် နို့ထွက် ပစ္စည်းများကို များစွာ စားသုံးပါ.. ဆား (ဆိုဒီယမ်) နည်းသော အစာများကို ရွေးချယ် စားသုံးပါ.. အထားခံသော အစာများ (Preserved Food)၊ ပြုပြင်ထားသော အစာများ (Processed Food) သည် ဆားပါဝင်မှု များပြား ပါတယ်.. ငါးများ၊ အဆီမပါသော အသားများကို စားသုံးပါ.. ကိုလက်စထရော များသော အဆီ၊ အဆိမ့်၊ အချိုများကို ရှောင်ပါ..
  • အရက် အလွန်အကျွံ သောက်သုံးခြင်းသည် သွေးတိုး စေတတ်သဖြင့် ရှောင်ကြဉ်ပါ..
  • သွေးတိုးရောဂါ အတွက် ဆရာဝန် ညွှန်ကြားထားသော သွေးကျဆေးများကို တိတိကျကျ သုံးစွဲရမည်..
This article is written by Dr. Win Thein.
ဆက်ဖတ်ရန်

ပန်းနာရင်ကျပ်ရောဂါ (Asthma)




ပန်းနာရင်ကျပ် ရောဂါဟာ အဆုတ် တွင်းရှိ အသက်ရှူ လမ်းကြောင်း ကို ထိခိုက် စေသော နာတာရှည် ရောဂါ တစ်မျိုး ဖြစ်ပါတယ် .. အမေရိကတွင် လူဦးရေ ၁၇ သန်းကျော် ပန်းနာရင်ကျပ် ရောဂါ ခံစားနေရပြီး သုံးပုံ တစ်ပုံမှာ ကလေးများ ဖြစ်ပါတယ်.. ၂၀၀၂ ခုနှစ် တွင် ပန်းနာရင်ကျပ် ရောဂါကြောင့် ဆေးရုံ တက်ရ သူပေါင်း ၄၇၈,၀၀၀ ဦး ရှိပြီး ၄,၆၅၇ ဦး သေဆုံးခဲ့ ပါတယ်...


အဆုတ်ရဲ့ လုပ်ငန်း တာဝန် အကြောင်း ပထမဆုံး ပြောပြ ချင်ပါတယ်.. ရှူသွင်းလိုက်တဲ့ လေထဲမှ အောက်ဆီဂျင် နဲ့ ခန္ဓာကိုယ် ထဲမှ ကာဗွန် ဒိုင် အောက်ဆိုဒ် တို့ ဖလှယ်ခြင်း သည် အဆုတ်၏ အဓိက လုပ်ငန်း တာဝန် ဖြစ်ပါတယ်... အောက်ဆီဂျင် ကြွယ်ဝ သော ရှူသွင်း လိုက်တဲ့ လေဟာ လေမျို (Larynx)၊ လေပြွန်မကြီး (Trachea)၊ လေပြွန် (Bronchus)၊ လေပြွန်ငယ် (Bronchiole) တို့ကို အဆင့်ဆင့် ဖြတ်သန်းပြီး လေအိတ် (Alveoli) များ သို့ ရောက်ရှိ တဲ့အခါ အဆုတ် သွေးလွှတ်ကြော ငယ် (Pulmonary arteriole) များထဲမှ ကာဗွန် ဒိုင် အောက်ဆိုဒ် နဲ့ ဖလှယ် ကြ ပါတယ် (Gas Exchange) ... အဲဒီမှ တစ်ဆင့် အဆုတ် သွေးပြန်ကြော (Pulmonary veins) များမှ နှလုံး သို့ ပို့ဆောင်ပြီး နှလုံးမှ ခန္ဓာကိုယ် တစ်ခုလုံး သို့ ဖြန့်ဝေ ပို့လွှတ်ပါတယ်... ဒါ့ကြောင့် အောက်ဆီဂျင် ကို ခန္ဓာကိုယ် အနှံ့အပြား မှ တစ်ရှူးများ၊ ဆဲလ် များ အသက် ရှင်သန် ရေးအတွက် အသုံး ပြုနိုင် ကြပါတယ်..


ပန်းနာ ရင်ကျပ် ရောဂါ ခံစား ရပြီ ဆိုလျှင် အဆုတ်ဟာ အဓိက တုန့်ပြန်မှု (၃) ရပ် ဖြစ်ပေါ် ပါတယ်...

  1. အဆုတ် လေပြွန်ငယ် များ (Bronchioles) ကျဉ်းမြောင်း လာခြင်း (Bronchoconstriction)
    • လေပြွန်ငယ် များရှိ ကြွက်သား များ ကျုံ့ခြင်း ကြောင့် လေပြွန်ငယ် များ ကျဉ်း လာပါတယ်.. ဒါ့ကြောင့် အသက် ရှူထုတ် တဲ့ အခါ ၀ီစီ ကဲ့သို့ အသံ မြည်ပြီး မောလာ တတ်ပါတယ်..
  2. အဆုတ် လေ၀င် ရာ လမ်းကြောင်း တစ်လျှောက် ယောင်ရမ်းပြီး အချွဲများ (mucus) ထွက်လာခြင်း (Bronchial Inflammation)
    • ဓါတ်မတည့် ပစ္စည်း တစ်မျိုး ခန္ဓာ ကိုယ်တွင်း ၀င်ရောက် လာပါက လေပြွန်ငယ် နံရံ တစ်လျှောက် မှ ယောင်ရမ်း ခြင်းကို ဖြစ်စေသော ဓာတု ပစ္စည်း များ (Histamine, Leukotrienes) ထွက်လာပြီး လေပြွန် ငယ် များကို ယောင်ရမ်း စေပြီး ချွဲပြစ်သော အရည်များ (mucus) ထွက်လာပါတယ်.. လေပြွန်ငယ် ယောင်ရမ်း မှု၊ ချွဲထွက် လာမှု ကြောင့် လေပြွန်ငယ် ကျဉ်းခြင်း ပိုဆိုး လာစေ ပါတယ်...
  3. အဆုတ် လမ်းကြောင်း တစ်လျှောက်မှ တုန့်ပြန်မှု လွန်ကဲခြင်း (Hyperreactivity)
    • ဓာတ်မတည့် မှုကြောင့် ကြာရှည်စွာ လေပြွန်ငယ် ယောင်ရမ်း ခြင်း ၊ လေပြွန်ငယ် ကျဉ်းမြောင်း ခြင်း ဖြစ်ခြင်း ကြောင့် ဓာတ်မတည့် မှု ပစ္စည်း များ ကို ပို၍ တုန့်ပြန်မှု များ လာပါတယ်...(Hypersensitivity)




ရောဂါလက္ခဏာများ
ပန်းနာ ရင်ကျပ် ရောဂါ လက္ခဏာ များမှာ တစ်ဦးနှင့် တစ်ဦး ကွဲပြား နိုင်ပါတယ်... အဓိက အဖြစ်များ ဆုံး လက္ခဏာ (၄)မျိုး မှာ

  1. အသက် ရှူခက် လာခြင်း (Shortness of Breath)
  2. အသက် ရှူထုတ် ရာတွင် ၀ီစီသံ ကဲ့သို့ အသံ မြည် လာခြင်း (Wheezing)
  3. ရင်ကျပ်လာခြင်း (Tightness of chest)
  4. ချောင်းဆိုးခြင်း (Coughing)
တို့ ဖြစ်ပါတယ်.. ရင်ကျပ် မှု ပြင်းထန်ပါက လေအိတ်မှ ကာဗွန် ဒိုင်အောက် ဆိုဒ် နဲ့ အောက်ဆီ ဂျင် ဖလှယ် ခြင်း လုပ်ငန်း ထိခိုက် လာ၍ သွေးတွင်း အောက်ဆီ ဂျင် လျော့ကျပြီး ကာဗွန် ဒိုင် အောက်ဆိုဒ် များလာ ပါတယ်... အောက်ဆီ ဂျင် နည်းလာ၍ ခြေသည်း လက်သည်း နှင့် နှုတ်ခမ်း များ ပြာလာခြင်း (cyanosis)၊ နံရိုး ကြား ကြွက်သား များ အသုံးပြု ၍ ပြင်းထန်စွာ အသက်ရှူ ရခြင်း တို့ ဖြစ်ပေါ် တတ် ပါတယ်...


ပန်းနာ ရင်ကျပ် ဖြစ်စေတဲ့ အကြောင်းရင်း ဟာ ကိုယ့်ပတ်ဝန်းကျင် အခြေအနေ (Environmental factors) ကြောင့်လား? မျိုးရိုး ဗီဇ (Genetic factors) ကြောင့်လား? ဆိုတာကို တိတိကျကျ မသိရ သေးသော်လည်း အဓိက အားဖြင့် နှစ်မျိုး နှစ်စား တွေ့ရှိ ရပါတယ်.. ပြင်ပ မှ ဓါတ်မတည့် မှု (allergies or extrinsic) ကြောင့် ဖြစ်သော ပန်းနာ နှင့် ခန္ဓာ ကိုယ်တွင်း အခြေ အနေ (nonallergies or intrinsic) ကြောင့် ဖြစ်သော ပန်းနာ ဆိုပြီး တွေ့ရ ပါတယ်.. ဓါတ်မတည့် မှု (allergies or extrinsic) ကြောင့် ဖြစ်သော ပန်းနာဟာ အတွေ့ များပြီး လူနာ အားလုံး၏ ၉၀ % ရှိပြီး ကျန် ၁၀ % ကသာ ခန္ဓာ ကိုယ်တွင်း အခြေ အနေ (nonallergies or intrinsic) ကြောင့် ဖြစ်သော ပန်းနာ ဖြစ်ပါတယ်.. ဓါတ်မတည့် ဖြစ်စေသော ပစ္စည်း များမှာ

  • နေအိမ် ပတ်ဝန်းကျင် ရှိ နေ့စဉ် ထိတွေ့ နေကျ အရာများ
    • တိရစ္ဆာန် အညစ်အကြေးများ နှင့် အမွှေးအမျှင်များ၊ ဖုန်နှင့် အမှိုက်သရိုက်များ (Dust)၊ ပိုးဟပ် အညစ်အကြေးများ (cockroach )၊ အဆောက်အဦး၊ နံရံဟောင်း များ ရှိရေညှိ ပင်များ (mold)၊ ပန်းဝတ်မှုန်များ (Pollen)
  • နေအိမ် သုံး ပစ္စည်းများ ၏ အနံ့အသက် များ
    • ရေမွှေး နှင့် အမွှေး နံ့သာများ၊ ဆပ်ပြာ ဆပ်ပြာရည် ခေါင်းလျှော်ရည် များ၊ hair spray, hair gel, sun screen, cosmetics, facial cream, deodorant, shaving cream ကဲ့သို့ အသုံး အဆောင် ပစ္စည်း များ၊
  • အစား အစာများ
    • နွားနို့ (Cow's Milk)၊ မြေပဲ (Peanut)၊ ပဲပုတ် (Soy)၊ ငါး (Fish)၊ တိရိစ္ဆာန် ဥများ (Eggs)၊ ပုဇွန် နှင့် အခွံမာ ပင်လယ်စာများ (Shrimp & other shellfish)၊ ကြာရှည် အထားခံ သော အစားအစာ များ (Preservative Foods)
  • သုံးစွဲ နေသော ဆေးများ
    • အက်စ်ပရင် (aspirin)၊ beta-blockers (propranolol, atenolol)၊ ပင်နစလင်များ၊
  • စက်ရုံ နှင့် ပတ်ဝန်းကျင် မှ အငွေ့များ
    • ဆာလဖိုက် ဓာတ်ငွေ့များ၊ ကလိုရာမင်း ဓာတ်ငွေ့များ၊ စက်ပစ္စည်း များမှ အိပ်ဇော ငွေ့များ၊ ဆေးလိပ်ငွေ့၊ ခြင်ဆေးခွေ ငွေ့များ၊ အစ ရှိသဖြင့်...
  • အသက်ရှူ လမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးများ
    • အဓိက အားဖြင့် အသက်ရှူ လမ်းကြောင်း အထက်ပိုင်း ဗိုင်းရပ်စ်ပိုး ၀င်ရောက်မှု (Upper respiratory tract infection) ကြောင့် ပန်းနာ ရင်ကျပ် ဖြစ်ခြင်းသည် လူကြီး အားလုံး၏ ၈၀% နှင့် ကလေးအားလုံး ၏ ၆၀% တွေ့ရှိ ရပါတယ်...
ဓာတ်မတည့် ခြင်းဖြစ်စဉ် တွင် တစ်ဦးနှင့် တစ်ဦး ဓာတ်မတည့် ပစ္စည်း ချင်း၊ ဓာတ်မတည့် နိုင်ချင်း တူညီ နိုင်မှာ မဟုတ်ပါ..


ပန်းနာရင်ကျပ် ရောဂါ ကုထုံးများ
အဓိက အားဖြင့် အာနိသင် (၂) မျိုး လိုအပ် ၍ သာ စားဆေး၊ ထိုးဆေး၊ ရှူဆေး အနေဖြင့် ထုတ်လုပ် ကြခြင်း ဖြစ်ပါတယ်... ပထမ အာနိသင် မှာ လေပြွန် ကို ကျယ်စေခြင်း ဖြစ်ပြီး ဒုတိယ အာနိသင် မှာ လေပြွန် ယောင်ရမ်း မှုကို ကျစေ ခြင်း ဖြစ်ပါတယ်.. လေပြွန် ကို ကျယ်စေ တဲ့ ဆေးများ မှာ beta 2 agonist (salbutamol, terbutaline, ...), anticholinergic drugs (ipratropium bromide), methyxanthine (Theophylline, Aminophylline, ..); လေပြွန် ယောင်ရမ်း မှုကို ကျစေသော ဆေးများ မှာ corticosteroids (Prednisolone, Beclomethasone, Triamcinolone, Budesonide, ...), Leukotriene modifiers (montelukast, zafirlukast, pranlukast, and zileuton), Cromoglycate (Cromolyn sodium) တို့ ဖြစ်ကြ ပါတယ်.. ရှူဆေးများ (Inhalers) မှာ လေပြွန် ကို တိုက်ရိုက် သက်ရောက်မှု ရှိ၍ ရောဂါ လက္ခဏာ ကို မြန်ဆန်စွာ သက်သာ စေပြီး ဘေးထွက် ဆိုးကျိုး မှာလည်း သောက်ဆေး၊ ထိုးဆေး ထက် စာလျှင် နည်းပါး ပါတယ်... ထို့ကြောင့် ရောဂါ ပြင်းထန် မှုပေါ် မူတည်၍ ရှူဆေး၊ သောက်ဆေး များကို ရွေးချယ် ပေးခြင်း ဖြင့်၎င်း၊ ဆေး တစ်မျိုး နှင့် မလုံ လောက်ပါက နှစ်မျိုး သုံးမျိုး တွဲပေး ခြင်း ဖြင့်၎င်း ကုသ နိုင်ပါ တယ်... လိုအပ် ပါက အောက်ဆီ ဂျင် ပေး၍၎င်း၊ ဆေးများကို စက်ဖြင့် မှုတ်သွင်းနည်း (Nebulizer) ဖြင့်၎င်း လူနာ အခြေ အနေ ပေါ် မူတည်၍ ကုသ ပေးရ ပါမယ်...



ရောဂါ ကာကွယ် ရေး အနေဖြင့် မိမိနှင့် မတည့်သော ဓာတ်ပစ္စည်း များ၊ အစား အသောက် များ၊ အသုံး အဆောင်များ ဂရုစိုက် ရှောင်ရှား ဖို့လို ပါမယ်.. လူဦးရေ ထူထပ် သော နေရာ လေထု ညစ်ညမ်း သော နေရာ များ ကို ရှောင်ရှား ရပါမယ်.. ဆေးလိပ် သောက်သူ ဖြစ်ပါက ဆေလိပ် လုံးဝ ဖြတ်ရ ပါမယ်... ဒါ့ကြောင့် မိမိ ရင်ကျပ် တတ်သော အခြေ အနေ၊ နေရာ ဒေသ၊ အသုံး အဆောင်၊ အပြု အမူ များကို ဂရု စိုက် ရှောင်ရှား ရင်း ကျန်းမာ စွာ နေထိုင် နိုင်ရေး ကို အလေး ထား သင့် ကြောင်း ရေးသား လိုက်ရပါတယ်.. ဘေးဘယာ ရောဂါ အပေါင်းမှ ကင်းဝေး နိုင်ပါစေ..

| May 2, 2009

ဆက်ဖတ်ရန်

အသည်းခြောက်ရောဂါ (Cirrhosis Of Liver - COL)


အသည်းခြောက်ရောဂါ

အသည်းခြောက် ရောဂါဟာ အမျိုးမျိုးသော အကြောင်း များကြောင့် အသည်း ဆဲလ်များ ပျက်စီးကာ ၎င်းနေရာ များတွင် အနာရွတ် တစ်ရှူး (Scar Tissue) များက နေရာယူ အစားထိုး ၀င်ရောက် လာခြင်း (Fibrosis) ကြောင့် အသည်းရဲ့ ပုံသဏ္ဌာန်၊ လုပ်ငန်း ဆောင်တာများ ပျက်စီး ယိုယွင်း လာခြင်း ဖြစ်ပါတယ်... အသည်းခြောက် ရောဂါ ကြောင့် သေဆုံး ရခြင်းဟာ ရောဂါ မျိုးစုံကြောင့် သေဆုံး သူများ (Death by Disease) ရဲ့ စာရင်းမှာ ၁၂ ခုမြောက် မှာ ရှိပါတယ်.. US မှာတော့

  1. အရက် အလွန် အကျွံ တာရှည် သုံးစွဲခြင်း နဲ့
  2. အသည်းရောင် စီရောဂါ ကြောင့်
အဓိက ဖြစ်ပွား ကြပါတယ်..

အသည်းဟာ ခန္ဓာကိုယ် ရဲ့ အရေးကြီး လုပ်ငန်းများ ကို အဓိက လုပ်ဆောင် ပေးရာ အစိတ် အပိုင်း တစ်ခု ဖြစ်ပြီး ၀မ်းဗိုက် အပေါ် ယာဖက်ပိုင်း မှာ တည်ရှိ ပါတယ်.. အဓိက လုပ်ငန်းကြီး (၂) မျိုးအနက် တစ်မျိုးမှာ ခန္ဓာကိုယ် တွင်း လိုအပ် တဲ့ ဓါတ်ပစ္စည်း များ (ဥပမာ - သွေးခဲ စေသော ပစ္စည်း - Clotting Proteins) ထုတ်လုပ် ပေးခြင်းနဲ့ နောက်တစ်မျိုး မှာ ခန္ဓာကိုယ် မှ မလိုအပ် တော့တဲ့ စွန့်ပစ် ပစ္စည်း များကို ချေဖျက် စွန့်ထုတ် ပေးခြင်း တို့ ဖြစ်ပါတယ်.. ဒါ့ပြင် ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ စွမ်းအင် အဖြစ် ဂလူးကို့စ် (Glucose) နဲ့ လစ်ပစ် အဆီဓါတ် (Lipids) များကို ထိန်းချုပ် လည်ပတ် စေပါတယ်.. အခြား ကိုယ်တွင်း အင်္ဂါများ နဲ့ မတူတဲ့ အချက်မှာ အသည်း အတွက် အဓိက သွေးထောက်ပံ့ နေခြင်းမှာ သွေးလွှတ် ကြောမှ အနည်း အကျဉ်း သာဖြစ်ပြီး အူသိမ် အူမကြီး မှ လာသော ပေါ်တယ် သွေးပြန်ကြော (Portal Veins) မှသာ အများ ဆုံး သွေးထောက် ပံ့နေခြင်း ဖြစ်ပါတယ်.. ပေါ်တယ် သွေးပြန်ကြော ဟာ အသည်း တွင်းသို့ သွေးကြော ငယ်များ (Sinusoids) အဖြစ် ဖြာထွက် ခွဲဝင်ပြီး အသည်း ဆဲလ် များနဲ့ အနီးဆုံး အနေ အထား ဖြတ်သန်း ပါတယ်.. ၎င်းကဲ့သို့ အသည်း ဆဲလ်များနဲ့ သွေးကြော ငယ်များ (Sinusoids) ပူးတွဲ တည်ရှိ မှုကြောင့် ပေါ်တယ် သွေးပြန် ကြောမှ အာဟာရ နဲ့ ဓါတ်ပစ္စည်း များကို အသည်း ဆဲလ်များ တွင်းသို့ ပို့ဆောင်ပြီး အသည်း ဆဲလ်များ မှ ဓါတ်ပစ္စည်း များကို သွေးကြော တွင်းသို့ ပို့ဆောင် ပေးပါတယ်.. ထိုမှ တစ်ဆင့် သွေးကြော ငယ်များ စုစည်း ပြီး အသည်း သွေးပြန်ကြော (Hepatic Vein) အဖြစ် နှလုံး သို့ပို့ဆောင် ပေးပါတယ်..

အသည်းခြောက် ရောဂါ ဖြစ်ပြီ ဆိုရင် အသည်း ဆဲလ်အများစု ပျက်စီး ပြီး အနာ ရွတ် တစ်ရှူး များ အစားထိုး လာမှု ကြောင့် အသည်း ပုံသဏ္ဌာန် ပျက်စီးကာ ပေါ်တယ် သွေးပြန် ကြောငယ် များကို လည်း ကျဉ်းမြောင်း ပိတ်ဆို့ မှုဖြစ် ပေါ်စေ ပါတယ်.. ၎င်းကဲ့သို့ ပိတ်ဆို့ မှုကြောင့် ပေါ်တယ် သွေးဖိအား မြင့်တက်ခြင်း (Portal Hypertension) ဖြစ်ပေါ်ကာ အသည်း ခြောက် ရောဂါ လက္ခဏာ များ ပေါ်ပေါက် လာပါတယ်.. ပုံမှန် အသည်း ဆဲလ်များ လျော့နည်း လာ၍ အသည်း လုပ်ငန်း များ တဖြည်းဖြည်း ကျဆင်း လာပြီး သွေးခဲ ပစ္စည်း မထုတ် လုပ်နိုင် မှုကြောင့် သွေးယိုစီး လွယ်ခြင်း၊ ခုခံမှု စနစ် ကျဆင်း ခြင်းကြောင့် ပိုးဝင် လွယ်ခြင်းနဲ့ အတူ အခြား လက္ခဏာ များလည်း ထပ်မံ ပေါ်ပေါက် လာ ပါတယ်..

နောက်ထပ် ထိခိုက် တဲ့ လုပ်ငန်း တစ်ခု ကတော့ သည်းခြေ ရည် (Bile) စွန့်ထုတ်မှု ပျက်ပြား ခြင်းပဲ ဖြစ်ပါတယ်.. သည်းခြေရည် ထုတ်လုပ် ခြင်းဟာ အသည်း ဆဲလ် များရဲ့ လုပ်ငန်း များအနက် တစ်ခု အပါ အ၀င် ဖြစ်ပါတယ်.. သည်းခြေရည် (Bile) ဟု ခေါ်ဆို သော်လည်း စင်စစ် သည်းခြေ မှ ထုတ်လုပ် ခြင်း မဟုတ်ပဲ အသည်း ဆဲလ် များမှ ထုတ်လုပ်ကာ သည်းခြေ အိတ်တွင် ခဏ သိုလှောင် ထားပြီး သည်းခြေ ပြွန် (Common Bile Duct) မှ တဆင့် အူသိမ် တွင်းသို့ စီးဝင် ပါတယ်.. သည်းခြေရည် ၏ အဓိက လုပ်ငန်း နှစ်ရပ်မှာ အစာ ခြေဖျက် ခြင်းနဲ့ ခန္ဓာကိုယ် မှ မလိုအပ်တဲ့ စွန့်ပစ် ပစ္စည်း၊ အဆိပ် အတောက် ပစ္စည်း များကို အူသိမ် အူမကြီး မှတဆင့် ကျင်ကြီး အဖြစ် စွန့်ထုတ် ခြင်းပင် ဖြစ်ပါတယ်.. အသည်း ခြောက် ရောဂါ ဖြစ်ပွား ပြီဆိုလျှင် သည်းခြေ ပြွန် လမ်းကြောင်း လေးများ ပိတ်ဆို့ မှုကြောင့် အစာ ခြေဖျက်အား နည်းလာခြင်း၊ သည်းခြေ ရည်မှ တဆင့် ဘီလီ ရူဘင် (Bilirubin) အ၀ါ ရောင်ဓါတ် များ မစွန့်ထုတ် နိုင်မှု ကြောင့် အသား ၀ါခြင်း ဖြစ်ပေါ် လာပါတယ်..


အသည်း ခြောက်ခြင်း ဖြစ်ပွား စေသော အကြောင်း များမှာ

  • အရက်ကို အလွန်အကျွံနှင့် တာရှည် သောက်သုံးခြင်း (Long-term heavy drinking of alcohol)
    • အရက်ကို အလွန် အကျွံ (၁၀) နှစ် ခန့် သောက်ခြင်းဟာ အသည်းခြောက် ရောဂါ ဖြစ်ပွား နိုင်ကြောင်း တွေ့ရှိရ ပါတယ်..
  • အသည်းရောင် ဘီနှင့် စီရောဂါ ရှိသူများ
    • အသည်းရောင် ဘီနှင့်စီ ရောဂါပိုး ရှိသူ တွေမှာ အချိန်နဲ့ အမျှ အသည်းဆဲလ် များကို ပျက်စီး စေတဲ့ အတွက် အသည်း ခြောက်ခြင်းကို ဆယ်စုနှစ် ကျော်ကြာ လာပါက ဖြစ်ပွား တတ်ပါတယ်..
  • အရက်ကြောင့် မဟုတ်သော အသည်း အဆီဖုံး ရောဂါ (Non-Alcoholic fatty Liver Disease)
    • အသည်းရှိ အဆီများ ဟာနောက်ဆုံး အနာရွတ် တစ်ရှူးများ အဖြစ် ပြောင်းလဲ တည်ဆောက် တတ်ပြီး အသည်းခြောက်ခြင်း ဖြစ်ပေါ် လာစေ ပါတယ်.. အ၀လွန်ခြင်း၊ ဆီးချို သွေချို ရောဂါ၊ နှလုံး သွေးကြော ဆိုင်ရာ ရောဂါ များနဲ့ ဆက်စပ်မှု ရှိပါတယ်..
  • သံဓါတ်စုပ်ယူမှုများသောရောဂါ (Hemochromatosis)
    • မျိုးရိုး လိုက်တတ်တဲ့ ရောဂါ တစ်မျိုး ဖြစ်ပြီး အူမှ သံဓါတ် စုပ်ယူမှု များကာ ခန္ဓာ ကိုယ်တွင်း သံဓါတ်များ စုပုံ လာခြင်းကြောင့် အသည်းခြောက် ခြင်း၊ ဆီးချို သွေးချို ရောဂါ၊ ဂေါက် ကဲ့သို့ ရောဂါ တစ်မျိုး၊ နှလုံး ကြွက်သား ရောင်ရမ်းခြင်း တို့ ဖြစ်ပေါ် တတ်ပါတယ်.. Wilson's disease, Cystic Fibrosis, alpha-1 antitrypsin deficiency, galactosemia, glycogen storage disease စတဲ့ မျိုးရိုး လိုက်သော ရောဂါ များကြောင့်လည်း အသည်း ခြောက်ခြင်း ဖြစ်ပေါ် စေပါတယ်..
  • မိမိ ခန္ဓာကိုယ် ခုခံမှုစနစ်မှ အသည်းဆဲလ်များအား မှားယွင်းတိုက်ခိုက်ခြင်း (Autoimmune hepatitis)
    • အချို့သော မျိုးရိုး ဗီဇ တစ်မျိုး ရှိတဲ့ သူများမှာ ခန္ဓာကိုယ် ခုခံမှု စနစ်မှ အသည်းဆဲလ် များအား မှားယွင်း တိုက်ခိုက် မှုကြောင့် အသည်း ဆဲလ်များ ရောင်ရမ်း ပျက်စီးပြီး နောက်ဆုံး အသည်း ခြောက်ခြင်း ဖြစ်ပေါ် စေပါတယ်.. ဒီလို ဖြစ်ပွား သူတွေရဲ့ ၇၀% ဟာ အမျိုး သမီးများ ဖြစ်ကြ ပါတယ်..
  • သည်းခြေ လမ်းကြောင်း ကြောင့် ဖြစ်သော အသည်းခြောက်ခြင်း
    • Primary Biliary Cirrhosis, Primary Sclerosing Cholangitis, Blockage of Bile Duct (သည်းခြေ ပြွန်ပိတ် ဆို့ခြင်း) စတဲ့ ရောဂါ များကြောင့် လည်း အသည်း ခြောက်ခြင်း ဖြစ်ပေါ် စေပါတယ်..
  • အဆိပ်အတောက် ပစ္စည်းများနှင့် ဆေးဝါးများကြောင့် အသည်းခြောက်ခြင်း (Toxic Hepatitis)
    • အသည်းကို အဆိပ်အတောက် ဖြစ်စေတဲ့ ဆေးဝါးများ (Hepatotoxic Drugs)၊ ဓါတု ပစ္စည်းများ (Chemicals)၊ အသည်းတွင်း ကပ်ပါး ကောင် ပိုးစွဲ နာများ (Parasitic Infection)၊ နှလုံး ယာဖက်ခြမ်း ရောင်ရမ်း ညှစ်အားနည်း မှုကြောင့် အသည်းတွင် သွေးစုပုံ ခံရခြင်း ရောဂါ (Cardiac Cirrhosis) တို့ကြောင့် အသည်း ခြောက်ခြင်း လည်း ဖြစ်ပေါ် စေတတ် ပါတယ်..
အသည်းခြောက်ရောဂါ

အသည်းခြောက်ခြင်း ရဲ့ ကနဦး လက္ခဏာများမှာ သိသာ ထင်ရှားစွာ မပြသ သော်လည်း တဖြည်းဖြည်း ရောဂါ တိုးတက် လာပါက နုံးခွေ အားလျော့လာခြင်း၊ အစား အသောက် ပျက်လာခြင်း၊ ပျို့အန် ချင်စိတ် ဖြစ်ပေါ် လာခြင်း၊ ကိုယ် အလေးချိန် လျော့လာခြင်း၊ ဗိုက်နာ ဗိုက်ကယ် ဖြစ်လာ တတ်ခြင်း၊ တစ်ကိုယ်လုံး ယားယံ လာတတ် ခြင်း၊ ပင့်ကူ ကဲ့သို့ ဖြာထွက် နေသော အနီရောင် အကွက် များ (Spider Naevi) ဖြစ်ပေါ် လာတတ်ခြင်း တို့ ဖြစ် ပါတယ်.. ရောဂါ တဖြည်း ဖြည်း တိုးတက် လာပြီး နောက်ပိုင်း လက္ခဏာ များနဲ့ နောက်ဆက်တွဲ ဆိုးကျိုး (Complications) များမှာ...

  • ရေဖျဉ်းစွဲလာခြင်း (Ascites)
    • ရောဂါ တိုးတက် လာခြင်းနဲ့ အတူ ၀မ်းဗိုက် အတွင်း ရေများ စုလာမှု ကြောင့် ရေဖျဉ်း ဖြစ်ပေါ် လာပြီး၊ ခြေထောက် တစ်ရှူးများတွင်း ရေစု လာပါက ခြေထောက် ဖောရောင် ခြင်းများ ဖြစ်ပေါ် လာပါတယ်..
  • မ ဟော်မုန်း အီစထရိုဂျင်ဓါတ် များလာခြင်းကြောင့် ဖြစ်ပေါ်လာသော လက္ခဏာများ
    • အသည်း ဆဲလ်များမှ အီစထရို ဂျင်ဓါတ် ကို မချေဖျက် မစွန့်ထုတ် နိုင်တော့ ၍ သွေးတွင်း စုပုံ လာပြီး အမျိုးသားများ ရင်သား ကြီးထွား လာခြင်း (Gynaecomastia)၊ ကာမဂုဏ်စိတ် နည်းလာခြင်း(Loss of sexual drive)၊ မြုံတတ်ခြင်း (Infertility)၊ ပန်းသေ တတ်ခြင်း (Impotence)၊ ဝှေးစေ့ များကျုံလှီ လာခြင်း (Testicular atrophy) တို့ ဖြစ်ပေါ် တတ်ပါတယ်..
  • သွေးထွက်/ သွေးခြေဥ လွယ်လာခြင်း (Bruising and Bleeding)
    • အသည်းဆဲလ် များမှ သွေးခဲ စေတဲ့ ပရိုတိန်း ဓါတ်များ မထုတ်လုပ် နိုင်မှု ကြောင့် သွေးထွက် လွယ်ခြင်း၊ သွေးခြေဥ လွယ်ခြင်း ဖြစ်ပေါ် လာပါတယ်..
  • ပေါ်တယ် သွေးဖိအား မြင့်တက်ခြင်း (Portal Hypertension)
    • ဒီလို သွေးဖိအား မြင့်တက် ခြင်းအားဖြင့် အစာမျို (Esophagus) ရှိ သွေးကြော များ ဖောင်းလာပြီး ပေါက်ထွက် ကာ သွေးအန် ခြင်း ဖြစ်ပေါ် လာနိုင် ပါတယ်.. အဲဒီလို သွေးကြော ပေါက် သွေးအန် ခြင်းဟာ အရေးပေါ် အခြေ အနေ ဖြစ်လို့ အလျှင် အမြန် ဆေးကု သမှု ခံယူ ရပါမယ်.. ပေါ်တယ် သွေးဖိအား မြင့်တက် ခြင်းကြောင့် ဘေလုံးလည်း တဖြည်းဖြည်း ကြီးလာကာ (Splenomegaly) သွေးဖြူဥ (White Blood Cells)၊ သွေးမွှားဥ (Platelets) အရေ အတွက် ကျဆင်း လာပါတယ်.. ချက်တစ်ဝိုက်မှ သွေးကြောများ ဖောင်းလာခြင်း (Caput Medusa) လည်း ဖြစ်ပေါ် တတ်ပါတယ်..
  • အသားဝါလာခြင်း (Jaundice)
    • အသည်း ခြောက်ခြင်း ဖြစ်ပေါ် လာလျှင် သည်းခြေ လမ်းကြောင်း လေးများ ပိတ်ဆို့ မှုဖြစ်ပွား ပြီး အ၀ါဓါတ် (Bilirubin) များ မစွန့် ထုတ်နိုင် သဖြင့် အသားဝါခြင်း ဖြစ်ပေါ် လာပါတယ်..
  • အသည်းကြောင့် ဦးနှောက်အဆိပ်သင့်ခြင်း (Hepatic Encephalopathy)
    • အဆိပ် အတောက် ဓါတ်များ အသည်း ခြောက်ခြင်း ဖြစ်သဖြင့် မစွန့် ထုတ်နိုင်တဲ့ အခါ ၎င်းဓါတ် များဟာ ဦးနှောက် တွင်စုပုံ ခြင်းကြောင့် စိတ်ရှုပ် ထွေးတတ်ခြင်း၊ ဂယောင် ချောက်ချား ဖြစ်ခြင်း၊ မှတ်ဥာဏ် ပျောက်ဆုံးခြင်း၊ အာရုံ စုစည်းမှု မရှိ တော့ခြင်း၊ သာမန် အလုပ် ကိုပင် မလုပ် နိုင်တော့ခြင်း၊ အိပ်ချိန် မမှန် တော့ခြင်း အစ ရှိတဲ့ လက္ခဏာများ ဖြစ်ပေါ် တတ်ပါတယ်..
  • ကျောက်ကပ်လုပ်ငန်းကျဆင်းလာခြင်း (Hepatorenal Syndrome)
    • အသည်းခြောက် ခြင်းကြောင့် ကျောက်ကပ် သို့ သွေးပို့ လွှတ်မှု နည်းသွားပြီး ရုတ်တရက် ကျောက်ကပ် လုပ်ငန်း ကျဆင်းခြင်း (Acute Renal Failure) ဖြစ်ပေါ် စေပါတယ်..
  • အသည်းကင်ဆာဖြစ်တတ်ခြင်း (Hepatocellular Carcinoma)
    • အသည်း ခြောက်သူများ ဟာ အသည်းကင်ဆာ အဖြစ် ပြောင်းလဲ တတ်ပါတယ်..

အသည်းခြောက်ခြင်းကို သိစေနိုင်တဲ့ စစ်ဆေး စမ်းသပ် နည်းများမှာ လူနာ ၏ အရက် သောက်ခဲ့ ဖူးသော ရာဇ၀င် ရှိမရှိ မေးမြန်း ခြင်း၊ လူနာ အား အသည်းခြောက် ရောဂါ လက္ခဏာ များ စမ်းသပ် ရှာဖွေ ခြင်း၊ ဓါတ်ခွဲ ခန်းစစ် ဆေးနည်း များ၊ တီဗွီ ဓါတ်မှန် (Ultrasound)၊ Computerized Tomography (CT Scan)၊ Magnetic Resonance Imaging (MRI Scan)၊ နောက်ဆုံး အဆင့် အသည်း အသားစ နမူနာ ယူ၍ စမ်းသပ် ခြင်း (Liver Biopsy) စသည့် နည်းများ ဖြင့် သိရှိ နိုင်ပါတယ်.. စမ်းသပ် နည်းများ ကို အသေးစိတ် မဖော် ပြတော့ပါ..

ကုသနည်းများ မှာ အဓိက ရည်ရွယ်ချက် (၄) ချက်ဖြင့် ထားရှိ ကုသ ဖို့လိုအပ် ပါတယ်..

  1. အသည်းကို ထပ်မံ ထိခိုက်မှု မရှိအောင် နေထိုင် ပြုမူ ရပါမယ်..
  2. နောက်ဆက်တွဲ ဆိုးကျိုး လက္ခဏာများ (Complications)ရှိပါက ကုသ မှုပေးရ ပါမယ်..
  3. အသည်း ကင်ဆာ မဖြစ်စေရန် စစ်ဆေး တားဆီး ကုသ ပေးရ ပါမယ်..
  4. နောက်ဆုံး အဆင့် အသည်း လဲလှယ် အစားထိုး ကုသ ပေးရေး ပင် ဖြစ်ပါတယ်..
အသည်း ခြောက်ခြင်း ဖြစ်စေသော မူလ အကြောင်းရင်း၊ အသည်း ခြောက်ခြင်း အနည်း/ အများ အဆင့် အခြေ အနေ၊ နောက်ဆက် တွဲဆိုးကျိုး လက္ခဏာ များ ရှိမရှိ ပေါ်တွင် မူတည် ပြီး ကုသမှု ပေးရ ပါတယ်.. အသည်း ခြောက်သူ အဖို့ အာဟာရ ပြည့်ဝ သော အစာ ကို စားသုံးရန် လိုအပ် ပြီး ဗီတာမင် စုံ အားဆေး (Multivitami) တစ်နေ့ တစ်ကြီမ် သောက်ပေး သင့် ပါတယ်.. အသည်း ခြောက်ခြင်း တိုးတက် လာတာ နဲ့အမျှ ဆိုဒီယမ် (ဆား) ပါဝင်တဲ့ အစာများကို ရှောင်ကြဉ် ရပါမယ်.. အရက် နဲ့ အခြား ဘီယာ၊ ၀ိုင်၊ အလားတူ အသုံး အဆောင် များကို လုံးဝ ရှောင်ကြဉ် ရပါမယ်.. အကိုက် အခဲ ပျောက်ဆေး (NSAIDs) များဟာ လည်း အသည်း ခြောက်ခြင်း ကိုပိုမို ဆိုးရွား စေတဲ့ အတွက် ရှောင်ကြဉ် ရပါမယ်..

အသည်းရောင် ဘီနဲ့စီ ရောဂါ ရှိသူများ အဖို့ ၎င်းနဲ့ သင့်တော်တဲ့ ဆေးဝါး ကုသ မှုခံယူ သင့်ပါတယ်.. ရေဖျဉ်း စွဲခြင်း၊ခြေထောက် ဖောရောင် ခြင်း ရှိသူများ အဖို့ သင့်တော်တဲ့ ဆီးဆေး ကို ပေးခြင်း ဖြင့် ကုသ ရပါမယ်.. ပေါ်တယ် သွေးဖိအား မြင့်တက် နေခြင်း ရှိလျှင် Beta-blockers (esp;- propranolol), Nitrates (Isosorbide dinitrate) ပေးခြင်း ဖြင့် ဖိအား ချပေး ရပါမယ်.. Octreotide ကို ပေးခြင်း ဖြင့်လည်း ဖိအားကို ချပေး နိုင်ပါတယ်.. အစာမျို သွေးကြော ပေါက်ပြီး သွေးအန် ခြင်း (Esophageal Varices) ဖြစ်ပါက သားရေပင် ပစ်စည်းခြင်း (Band Ligation)၊ အယ်လ်ကိုဟော အပြင်း ထိုးပေးခြင်း (Sclerotherapy) ဖြင့် သွေးမထွက် အောင် ကုသ ရပါမယ်.. ဆေးဖြင့် ပေါ်တယ် ဖိအား မြင့်တက် ခြင်းကို မထိန်းနိုင် တော့လျှင် ပေါ်တယ် သွေးပြန် ကြောနှင့် ပင်မ သွေးပြန် ကြောကို လမ်းလွှဲ တည်ဆောက် ခွဲစိတ် ကုသ ပေးခြင်း (Transjugular Intrahepatic Portosystemic Shunt - TIPS), (Distal SplenoRenal Shunt - DSRS) တို့ ဖြင့် ကုသ ပေးနိုင် ပါတယ်..

အသည်းကြောင့် ဦးနှောက် အဆိပ် သင့်ခြင်း (Hepatic Encephalopathy) ဖြစ်ပွား ပါက Lactulose ၀မ်းနှုတ်ဆေး ကို ပေးခြင်းဖြင့် အူမကြီးမှ အဆိပ် အတောက် ဓါတ်များ စုပ်ယူမှု ကို လျှောချ ခြင်းဖြင့် သက်သာ စေနိုင် ပါတယ်.. အကယ်၍ Lactulose တစ်မျိုး တည်းဖြင့် မလုံ လောက်ပါက Neomycin, Metronidazole ကဲ့သို့ ပဋိဇီဝ သောက်ဆေး များကို ပူးတွဲ ပေးနိုင် ပါတယ်.. ဆေးကုသ မှုဖြင့် နောက်ဆက် တွဲဆိုးကျိုး များ (Complications) မသက်သာ ပါက နောက်ဆုံး အသည်း အစားထိုး လဲလှယ် ခြင်း (Liver Transplant) ဟာ အန္တိမ ကုထုံး ပဲ ဖြစ်ပါ တော့တယ်.. အားလုံး အသည်း ရောဂါ အပေါင်းမှ ကင်းဝေး နိုင်ပါစေ....။


This article is soured to Dr. Win Thein for the benefit of Human Beings. Thanks a lot

ဆက်ဖတ်ရန်

Tuesday, June 7, 2011

အစာအိမ်နာ (သို့) လေနာရောဂါ (Peptic Ulcer)




အများ ခေါ်သလို အစာအိမ်နာ(သို့) လေနာ လို့ရေးရပေမယ့် တကယ် အတိအကျ ပြန်ဆိုရရင် Peptic Ulcer
ဆိုသည်မှာ အစာခြေ လမ်းကြောင်း တစ်လျှောက် ဖြစ်ပေါ်သော အနာခွက် ကို ဆိုလိုခြင်း ဖြစ်ပါတယ်.. အဓိ
က အဖြစ်များတဲ့ နေရာတွေ ကတော့ အစာအိမ် (stomach) နဲ့ အူသိမ်ဦး (duodenum) တို့ပဲ ဖြစ်ပါတယ်..
အစာအိမ် တွင် ဖြစ်ပါက Gastric Ulcer (GU) ဟု ခေါ်ပြီး အူသိမ်ဦးတွင် ဖြစ်ပါက Duodenal Ulcer (DU)
ဟု ခေါ်ပါတယ်..အားလုံးကို ခြုံပြီးတော့ Peptic Ulcer (PU) လို့ပဲ ခေါ်ပါတယ်..ဤဆောင်းပါးတွင် ရေးသား
သော အစာအိမ်နာ အသုံးအနှုန်းသည် Peptic Ulcer ကိုသာ ရည်ညွှန်းပါတယ်..


အစာအိမ် ဟာ အစာချေဖို့ အတွက် ဟိုက်ဒရိုကလိုရစ်အက်ဆစ် (Hydrochloric acid, HCl ) နဲ့ ပက်ပ်ဆင်
(Pepsin) ဆိုတဲ့ အင်ဇိုင်း ထွက်ရှိ ပါတယ်.. အစာ အိမ်နဲ့ အူသိမ်ဦး နံရံ မြှေး (Mucosa) တွေဟာ ပုံမှန်အား
ဖြင့် အက်ဆစ်နဲ့ ပက်ပ်ဆင်ကို ခံနိုင်ရည် ရှိပါတယ်..အကြောင်းတစ်ခုခုကြောင့် နံရံမြှေး ခံနိုင်ရည် ကျဆင်း
လာတဲ့အခါ အက်ဆစ်နဲ့ ပက်ပ်ဆင် ဟာ နံရံမြှေးကို စားပြီး အနာခွက် (Ulcer) ဖြစ်ပေါ်လာ စေပါတယ်.. အ
နာ ဖြစ်စေတဲ့ အဓိက အကြောင်း(၂)ချက် ကတော့

  • အစာအိမ်တွင်း Helicobacter pylori (H.pylori) ဘက်တီးရီးယားပိုး ဝင်ခြင်းနဲ့

  • အကိုက်အခဲ ပျောက်ဆေးများ (NSAIDs) တာရှည်သုံးစွဲခြင်း
တို့ ဖြစ်ပါတယ်..



H.pylori ပိုးဟာ အရွယ်ရောက်ပြီးသူ ကမ္ဘာ့လူဦးရေ ထက်ဝက်ကျော် ကူးစက်ခံထားပြီး ဖြစ်ကြောင်း WHO
မှ ခန့်မှန်း ထားပါတယ်.. H.pylori ပိုးကြောင့် အစာအိမ် ရောင်ရမ်းခြင်း (Gastritis) ဖြစ်သူများရဲ့ ၉၀%
ဟာ ဘာလက္ခဏာမှ မပြပဲ ရှိနေပါတယ်.. Duodenal Ulcer ရှိသူများ၏ ၉၅% ၊ Gastric Ulcer ရှိသူများ၏
၈၀% သည် H.pylori ပိုး ကူးစက်ခံ ထားရပြီးဖြစ်ကြောင်း တွေ့ရှိရပါတယ်.. H.pylori ပိုးဟာသွေးနွေး သ
တ္တဝါများရဲ့ အစာခြေ လမ်းကြောင်း တစ်လျှောက်မှာ တွေ့ရပြီး လူ့ခန္ဓာကိုယ် အစာအိမ် ထဲမှာ ရှင်သန်နေ
ထိုင် ပေါက်ဖွား ကြ ပါတယ်..ကူးစက်နည်း ကတော့ မစင်မှ အစားအစာ၊ ရေ ကနေ တစ်ဆင့် ကူးစက်ပါ
တယ်..


နောက်တစ်မျိုးကတော့ လေးဖက်နာ၊ ဂေါက်ရောဂါ၊ အဆစ်နာရောဂါ ရှိသူများ အကိုက်အခဲ ပျောက်ဆေး
ကို တာရှည်စွာ သုံးစွဲ ခြင်းကြောင့် အစာအိမ်နာ ဖြစ်ပေါ်လာ တတ်ပါတယ်.. Diclofenac, Ibuprofen,
Naproxen, Aspirin စသည့်ဆေးများသည် အစာအိမ်နာ (Peptic Ulcer) ဖြစ်စေပါတယ်..Acetamino-
phen (Paracetamol) သည် အစာအိမ်နာရောဂါ မဖြစ်ပေါ်စေပါ..


ဆေးလိပ် သောက်ခြင်းသည် အစာအိမ်နာ ဖြစ်စေရုံသာမက ရောဂါ၏နောက်ဆက်တွဲ ဆိုးကျိုးများကို
လည်း ဖြစ်ပေါ်စေပြီး အနာပျောက်ကင်းအောင် ဆေးကုသမှု ကိုလည်း ကြန့်ကြာစေပါတယ်..စိတ်ဖိစီးမှု
(Stress) နဲ့ အစပ်စာ (Spicy Food) များဟာ အစာအိမ် ရောဂါ ဖြစ်စေတယ်လို့ အရင်က ယူဆခဲ့သော်
လည်း အခုခါ H.pylori ပိုးကို ရှာဖွေတွေ့ရှိပြီးနောက်ပိုင်းဒီအယူအဆဟာ မှေးမှိန်ခဲ့ပါတယ်..


အစာအိမ်နာ ရောဂါ လက္ခဏာများမှာ

  • ရင်ညွန့် (Just below the Sternum) တွင် နာကျင်ခြင်း
    • များသောအားဖြင့် Gastric ulcer သည် အစာစားပါက ပိုနာတတ်ပြီး Duodenal ulcer သည် အစာစားပြီးပါက နာကျင်မှု သက်သာ လာတတ်ပါတယ်..
  • ရင်ပူရင်ကယ်ဖြစ်ခြင်း

  • လေထလေတက်ခြင်း (bloating & belching)
  • အစာစားချင်စိတ် လျော့နည်းလာခြင်း၊ ကိုယ်အလေးချိန် ကျလာခြင်း
  • အော့အန်ခြင်း၊ သွေးအန်ခြင်း(Hematemesis)၊ ဝမ်းအမဲသွားခြင်း(Melaena)
တို့ ဖြစ်ပါတယ်..
ဓါတ်ခွဲစမ်းသပ် စစ်ဆေးချက်များ
  • အစာအိမ် ဓါတ်မှန်ရိုက်ခြင်း (Barium meal X-Rays) အားဖြင့် အစာအိမ်နာ ရှိမရှိ သိနိုင်ပါတယ်..
  • H.pylori ပိုးရှိမရှိ စမ်းသပ်ရန်
    • အစာအိမ်ကြည့် မှန်ပြောင်း (Endoscope) ကြည့်ခြင်းဖြင့် အစာအိမ်နာ ကို တိုက်ရိုက်ကြည့်နိုင်သလို အစာအိမ်ရည်ကိုယူပြီး ပိုးမွေးခြင်းဖြင့် သိနိုင်ပါတယ်
    • Urea Breath Test ၊ သွေး နှင့် ဝမ်း စစ်ဆေးခြင်းဖြင့်လည်း သိနိုင်ပါတယ်..
    • /ul>

ဆေးကုသမှု
ဆေးကုသမှု အပိုင်းတွင် ဆရာဝန် ညွှန်ကြားသော ဆေးကိုအတိအကျ လိုက်နာ သောက်သုံးရန် လိုအပ်
သလို လူနာ အပိုင်းမှလည်း ရှောင်ကြဉ် စရာများကို လိုက်နာဖို့ လိုအပ်ပါတယ်.. အစာအိမ်နာ ရှိသူသည်
  • ဆေးလိပ် လုံးဝ (လုံးဝ) ဖြတ်ရန်
  • အစပ်စာ၊ ကော်ဖီ၊ အရက် ရှောင်ရန်
  • အကိုက်အခဲ ပျောက်ဆေး လုံးဝ ရှောင်ကြဉ်ပြီး အစာအိမ် မထိခိုက်သော အကိုက်အခဲ ပျောက်ဆေးကို ဆရာဝန် ညွှန်ကြားသည့်အတိုင်း သောက်ရန်
  • အနာကျက်စေရန်
    • H2 Receptor Antagonist ဆေးများ၊ ဥပမာ- Cimetidine , Ranitidine
    • Proton Pump Inhibitor ဆေးများ၊ ဥပမာ-Omeprazole , Lansoprazole တို့ကို သောက်နိုင်ပါတယ်..
  • အများစု မှာ H.pylori ပိုး ကူးစက်ခံရမှု ရှိသဖြင့် H.pylori ပိုး ရှင်းလင်းသုတ်သင် ဖို့
    ဆေး(၃)မျိုးကို တစ်နေ့ ၂ ကြိမ် ၁၀ ရက် မှ ၁၄ ရက်ထိ သောက်ရန် လိုအပ်ပါတယ်..
    1. Omeprazole 20 mg (or) Lansoprazole 30 mg twice daily

    2. Metronidazole 500 mg (or) Amoxicillin 1 g (1000 mg) twice daily

    3. Clarithromycin 500 mg twice daily

ဒီဆေးများကို သောက်ပြီးနောက် Omeprazole (or) Lansoprazole ကို အနာ လုံးဝ ပျောက်ကင်း
အောင်အတွက် (၄)ပတ် မှ (၆)ပတ်ထိ ဆက်သောက်ရန် လိုအပ်ပါတယ်..


ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများ
  • အစာအိမ် သွေးယိုခြင်း
  • အစာအိမ်ပေါက်ခြင်း
  • အစာအိမ် အထွက်ပိတ်ခြင်း (Gastric Outlet Obstruction - GOO)
    • Duodenal Ulcer အနာကျက်ပြီးနောက် အူသိမ်ဦး ကျဉ်းပြီး အစာအိမ် ထွက်ပေါက် ပိတ်သွားတတ်ပါတယ်.. ဒီရောဂါ ဖြစ်ရင် နေ့စဉ် အန်တတ်ခြင်း၊ အရည်ခန်းခြောက်မှု ရှိခြင်း (Dehydration) တို့ ဖြစ်ပေါ်လာပါတယ်..


This article is written by Dr. Win Thein and I am sharing for the sake of our health knowledge. Thanks.
ဆက်ဖတ်ရန်

နှလုံးသွေးကြောကျဉ်းရောဂါ (Ischemic Heart Disease)




နှလုံးဟာ ခန္ဓာကိုယ် တစ်ခုလုံးသို့ သွေးလည်ပတ် စီးဆင်းရန်အတွက် လုပ်ဆောင် ပေးသော သွေးညှစ်စက်
(Blood Pump Machine) တစ်ခု ပဲဖြစ်ပါတယ်..တစ်ရက် လျှင် ပျမ်းမျှ အကြိမ် ၁၀၀,၀၀၀ ခန့် ခုန်ရပြီး သွေး ထုထည် ဂါလံ ၂,၀၀၀ ခန့် ညှစ်ထုတ် ပေးနေ ရပါတယ်.. လူ့သက်တမ်း တစ်လျှောက်လုံး မရပ် မနား စည်းချက် မှန်မှန် ညှစ် ထုတ်ပေး နေရပြီး အသက် ၇၀ အရွယ် ရောက်ပါက နှလုံး ခုန်ခြင်း အကြိမ်ပေါင်း ၂.၅ ဘီ လီယံ ကျော် ခုန်ပြီး ဖြစ်ပါ တယ်.. ဒီလို အချိန် ပြည့် လုပ်ဆောင် နိုင်အောင် နှလုံး ကြွက်သား အတွက် အောက်စီ ဂျင်နဲ့ အာဟာ ရကို နှလုံး သွေးကြော (Coronary Arteries) များက ထောက်ပံ့ ပေးနေ ရပါတယ်.. အကြောင်း အမျိုးမျိုး ကြောင့် နှလုံး သွေးကြော များဟာ ကျဉ်းမြောင်း လာပြီး နှလုံး ကြွက်သား အတွက် အောက်စီ ဂျင်နဲ့ အာဟာ ရကို လုံလောက်စွာ မထောက် ပံ့နိုင်တော့ တဲ့အခါ နှလုံး သွေးကြော ကျဉ်း လက္ခ ဏာများ ပေါ်ပေါက် လာပါ တယ်.. အမေရိကန် နိုင်ငံတွင် လူဦးရေ ၃သန်းမှ ၄သန်းခန့်ထိ ဘာလက္ခဏာ မှမပြပဲ နှလုံး သွေးကြော ကျဉ်း ရောဂါ ဖြစ်ပေါ် နေပါတယ်..


နှလုံးသွေးကြော ကျဉ်းစေသော အဓိက အချက်(၃)ချက်မှာ

  1. သွေးတိုးရောဂါ (Hypertension)
  2. သွေးတွင်း ကိုလက်စထရော များခြင်း (Hypercholesterolaemia)
  3. ဆေးလိပ်သောက်ခြင်း (Smoking)
တို့ဖြစ်ပါတယ်...

နှလုံးသွေးကြော ကျဉ်းစေသော အခြား အကြောင်းများကတော့
  • ဆီးချိုသွေးချိုရောဂါ (Diabetes)
  • စိတ်ဖိစီးမှုများခြင်း (Stress)
  • အဝလွန်ခြင်း (Overweight)
  • လှုပ်ရှားမှုနည်းသော ထိုင်၍ အလုပ်လုပ်ကိုင်ရခြင်း (Sedentary Lifestyle)
တို့ဖြစ်ပါတယ်..

အထက်ပါ အကြောင်းများကြောင့် သွေးကြောရဲ့ အတွင်းနံရံဟာ အနည်ကျ စုပုံ ထူအမ်းလာပြီး (Athero-
sclerosis) ကျဉ်းမြောင်းလာပါတယ်.. အနည်ကျ စုပုံတဲ့ အထဲတွင် ကိုလက်စထရော (Cholesterol)၊ ကယ်
လ်စီယမ် (Calcium)၊ ဆဲလ်သေ အစအနများ (Cellular debris)၊ သွေးမွှားဥများ (Platelets) များ ပါဝင်ပါ
တယ်.. ၎င်း အနည်ကျစုပုံခဲသည် သွေးကြောနံရံမှ ပြုတ်ထွက်ပြီး သွေးကြော တစ်နေရာတွင် ပိတ်မိတတ်ပါ
တယ် (Embolism).. နှလုံးသွေးကြောတွင် ပိတ်မိပါက နှလုံးပုပ်ခြင်း (Myocardial Infarct)၊ ဦးနှောက်သွေး
ကြော ပိတ်မိပါက လေဖြတ်ခြင်း (Stroke)၊ ခြေလက်ရှိ သွေးကြောများ ပိတ်မိပါက နာကျင်ခြင်း၊ အသားပုပ်
ခြင်း (Gangrene) တို့ ဖြစ်တတ်ပါတယ်..


နှလုံးသွေးကြောကျဉ်း ရောဂါလက္ခဏာများမှာ (Angina Pectoris)
  • ရင်ဘတ်အောင့်ခြင်း၊ ရင်ဘတ် အလယ်တွင် တင်းကျပ်စွာ ခံစားရခြင်း၊ လေးလံနေခြင်း၊ ရင်ပူခြင်း
    • ရင်ဘတ်အောင့်ခြင်းသည် ရံဖန်ရံခါ ဘယ်ဘက်ပုခုံးနှင့် ဘယ်ဘက်လက်မောင်းသို့၎င်း၊ လည်ပင်း နှင့် မေးစေ့တစ်ဝိုက် သို့၎င်း ပြန်နှံ့နာကျင် တတ်ပါတယ်.. ရင်ဘတ်အောင့်ခြင်းသည် ရုတ်တရက် ပြေးလွှားခြင်း၊ အားစိုက်အလုပ် လုပ်ရခြင်းကြောင့် ဖြစ်ပေါ်တတ်ပြီး အများအားဖြင့် စက္ကန့်(၃၀)မှ (၅)မိနစ်ထိ ကြာတတ်ပါတယ်.. အနားယူပါက သက်သာလာပါတယ်..
  • အသက်ရှူမြန်ခြင်း၊ အသက်ရှူကြပ်သကဲ့သို့ ခံစားရခြင်း၊ မူးဝေလာခြင်း၊
  • ပျို့အန်ခြင်း၊
  • အလွန်အမင်း ချွေးထွက်လာခြင်း၊
  • အနားယူသော်လည်း ရင်ဘတ်အောင့်ခြင်း မသက်သာပါက နှလုံးသွေးကြောပိတ်ခြင်း (Heart Attack) ဖြစ်နိုင်သဖြင့် သတိထားရန် လိုအပ်ပါတယ်..

ရောဂါစမ်းသပ်စစ်ဆေးချက်များ
  • Exercise Electrocardiogram (ECG) ရိုက်ခြင်း၊
  • Cardiac Catheterization
    • Tube အသေးစား တစ်မျိုးအား ခြေထောက် (သို့) လက်မောင်း သွေးကြောမှတစ်ဆင့် နှလုံးသွေးကြောသို့ ရောက်အောင်လုပ်ပြီး Special dye တစ်မျိုးအား ထုတ်လွှတ်၍ ဓါတ်မှန်ရိုက်ကြည့်ခြင်းဖြင့် သွေးကြောကျဉ်းတဲ့နေရာ သိနိုင်ပါတယ်..
  • ရင်ဘတ်ဓါတ်မှန် (Chest X-ray) ရိုက်ခြင်းဖြင့် နှလုံးအခြေအနေကို ကြည့်ခြင်း၊
  • သွေးတွင်း ကိုလက်စထရော စစ်ဆေးခြင်း၊ ဆီးချိုသွေးချို စစ်ဆေးခြင်း၊
တို့ ပြုလုပ်ရန် လိုအပ်ပါတယ်..

လိုက်နာရမည့်အချက်များ
  • တိရိစ္ဆာန်အဆီများ၊ နီသောအသား၊ ကြက်ဥ၊ မလိုင်ပါ နွားနို့နှင့် နို့ထွက်ပစ္စည်းများ အစရှိသည့် ကိုလက်စထရော ကြွယ်ဝသော အစားအစာများကို ရှောင်၍ ဟင်းသီးဟင်းရွက် အသီးအနှံများ၊ မလိုင်ထုတ်ထားသော နွားနို့၊ ငါး၊ ကြက်ဘဲအသားများ၊ ဂျုံ ပြောင်း လူး ဆပ် ကဲ့သို့အနှံများ စားသုံးပါ..
  • ဆေးလိပ်သောက်ခြင်းသည် နှလုံးသွေးကြောတွင်း အောက်စီဂျင် ပို့ဆောင်မှုကို အဟန့်အတား ဖြစ်စေသဖြင့် လုံးဝရှောင်ကြဉ်ရန်..
  • သင့်တင့်သော ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဆောင်ရန်..
  • သွေးတိုးနှင့် ဆီးချိုသွေးချို ရောဂါ ရှိပါက ရောဂါအတွက် ညွှန်ကြားထား သည်များကို လိုက်နာရန်..
  • စိတ်ဖိစီးမှုများကို ရှောင်ကြဉ်ရန်..

ဆေးဝါးကုသမှု
ဆေးဝါများကို ဆရာဝန် ညွှန်ကြားသည့်အတိုင်း လိုက်နာသောက်သုံးရပါမယ်..
  • Nitrates (Nitroglycerin..), Betablockers (propranolol, metoprolol...), Calcium channel blockers (Amlodipine, diltiazem...) စသည့် နှလုံးသွေးကြောကျယ်စေရန်နှင့် နှလုံးခုန်နှုန်း၊အောက်စီဂျင် လိုအပ်မှုကို ထိန်းချုပ်ပေးသောဆေးများ ။
  • သွေးခဲခြင်းကိုတားဆီးပေးသောဆေးများ ie. Aspirin (Aspilet),.....။
  • သွေးတွင်းကိုလက်စထရော များနေပါက ကျစေသောဆေးများ ie. Statins (Atorvastatin, Simvastatin,....)။
  • ခွဲစိတ်ကုသမှုအနေဖြင့်-နှလုံးသွေးကြောလမ်းလွှဲတည်ဆောက်ခြင်း (Coronary Bypass) နှလုံးသွေးကြောချဲ့ခြင်း (Angioplasty) စသည့် ခွဲစိတ်နည်းများဖြင့်လည်း နှလုံးသွေးကြောကျဉ်းရောဂါကို ကုသနိုင်ကြောင်း ရေးသားဖော်ပြလိုက်ပါတယ်..။


ဝန်ခံချက်။ ။ ယခုဆောင်းပါးအား ဒေါက်တာဝင်းသိန်းဘလော့မှ ဗဟုသုတအလို့ငှါ ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
ဆက်ဖတ်ရန်