ပန်းနာရင်ကျပ် ရောဂါဟာ အဆုတ် တွင်းရှိ အသက်ရှူ လမ်းကြောင်း ကို ထိခိုက် စေသော နာတာရှည် ရောဂါ တစ်မျိုး ဖြစ်ပါတယ် .. အမေရိကတွင် လူဦးရေ ၁၇ သန်းကျော် ပန်းနာရင်ကျပ် ရောဂါ ခံစားနေရပြီး သုံးပုံ တစ်ပုံမှာ ကလေးများ ဖြစ်ပါတယ်.. ၂၀၀၂ ခုနှစ် တွင် ပန်းနာရင်ကျပ် ရောဂါကြောင့် ဆေးရုံ တက်ရ သူပေါင်း ၄၇၈,၀၀၀ ဦး ရှိပြီး ၄,၆၅၇ ဦး သေဆုံးခဲ့ ပါတယ်...
အဆုတ်ရဲ့ လုပ်ငန်း တာဝန် အကြောင်း ပထမဆုံး ပြောပြ ချင်ပါတယ်.. ရှူသွင်းလိုက်တဲ့ လေထဲမှ အောက်ဆီဂျင် နဲ့ ခန္ဓာကိုယ် ထဲမှ ကာဗွန် ဒိုင် အောက်ဆိုဒ် တို့ ဖလှယ်ခြင်း သည် အဆုတ်၏ အဓိက လုပ်ငန်း တာဝန် ဖြစ်ပါတယ်... အောက်ဆီဂျင် ကြွယ်ဝ သော ရှူသွင်း လိုက်တဲ့ လေဟာ လေမျို (Larynx)၊ လေပြွန်မကြီး (Trachea)၊ လေပြွန် (Bronchus)၊ လေပြွန်ငယ် (Bronchiole) တို့ကို အဆင့်ဆင့် ဖြတ်သန်းပြီး လေအိတ် (Alveoli) များ သို့ ရောက်ရှိ တဲ့အခါ အဆုတ် သွေးလွှတ်ကြော ငယ် (Pulmonary arteriole) များထဲမှ ကာဗွန် ဒိုင် အောက်ဆိုဒ် နဲ့ ဖလှယ် ကြ ပါတယ် (Gas Exchange) ... အဲဒီမှ တစ်ဆင့် အဆုတ် သွေးပြန်ကြော (Pulmonary veins) များမှ နှလုံး သို့ ပို့ဆောင်ပြီး နှလုံးမှ ခန္ဓာကိုယ် တစ်ခုလုံး သို့ ဖြန့်ဝေ ပို့လွှတ်ပါတယ်... ဒါ့ကြောင့် အောက်ဆီဂျင် ကို ခန္ဓာကိုယ် အနှံ့အပြား မှ တစ်ရှူးများ၊ ဆဲလ် များ အသက် ရှင်သန် ရေးအတွက် အသုံး ပြုနိုင် ကြပါတယ်..
ပန်းနာ ရင်ကျပ် ရောဂါ ခံစား ရပြီ ဆိုလျှင် အဆုတ်ဟာ အဓိက တုန့်ပြန်မှု (၃) ရပ် ဖြစ်ပေါ် ပါတယ်...
- အဆုတ် လေပြွန်ငယ် များ (Bronchioles) ကျဉ်းမြောင်း လာခြင်း (Bronchoconstriction)
- လေပြွန်ငယ် များရှိ ကြွက်သား များ ကျုံ့ခြင်း ကြောင့် လေပြွန်ငယ် များ ကျဉ်း လာပါတယ်.. ဒါ့ကြောင့် အသက် ရှူထုတ် တဲ့ အခါ ၀ီစီ ကဲ့သို့ အသံ မြည်ပြီး မောလာ တတ်ပါတယ်..
- အဆုတ် လေ၀င် ရာ လမ်းကြောင်း တစ်လျှောက် ယောင်ရမ်းပြီး အချွဲများ (mucus) ထွက်လာခြင်း (Bronchial Inflammation)
- ဓါတ်မတည့် ပစ္စည်း တစ်မျိုး ခန္ဓာ ကိုယ်တွင်း ၀င်ရောက် လာပါက လေပြွန်ငယ် နံရံ တစ်လျှောက် မှ ယောင်ရမ်း ခြင်းကို ဖြစ်စေသော ဓာတု ပစ္စည်း များ (Histamine, Leukotrienes) ထွက်လာပြီး လေပြွန် ငယ် များကို ယောင်ရမ်း စေပြီး ချွဲပြစ်သော အရည်များ (mucus) ထွက်လာပါတယ်.. လေပြွန်ငယ် ယောင်ရမ်း မှု၊ ချွဲထွက် လာမှု ကြောင့် လေပြွန်ငယ် ကျဉ်းခြင်း ပိုဆိုး လာစေ ပါတယ်...
- အဆုတ် လမ်းကြောင်း တစ်လျှောက်မှ တုန့်ပြန်မှု လွန်ကဲခြင်း (Hyperreactivity)
- ဓာတ်မတည့် မှုကြောင့် ကြာရှည်စွာ လေပြွန်ငယ် ယောင်ရမ်း ခြင်း ၊ လေပြွန်ငယ် ကျဉ်းမြောင်း ခြင်း ဖြစ်ခြင်း ကြောင့် ဓာတ်မတည့် မှု ပစ္စည်း များ ကို ပို၍ တုန့်ပြန်မှု များ လာပါတယ်...(Hypersensitivity)
ရောဂါလက္ခဏာများ
ပန်းနာ ရင်ကျပ် ရောဂါ လက္ခဏာ များမှာ တစ်ဦးနှင့် တစ်ဦး ကွဲပြား နိုင်ပါတယ်... အဓိက အဖြစ်များ ဆုံး လက္ခဏာ (၄)မျိုး မှာ
- အသက် ရှူခက် လာခြင်း (Shortness of Breath)
- အသက် ရှူထုတ် ရာတွင် ၀ီစီသံ ကဲ့သို့ အသံ မြည် လာခြင်း (Wheezing)
- ရင်ကျပ်လာခြင်း (Tightness of chest)
- ချောင်းဆိုးခြင်း (Coughing)
ပန်းနာ ရင်ကျပ် ဖြစ်စေတဲ့ အကြောင်းရင်း ဟာ ကိုယ့်ပတ်ဝန်းကျင် အခြေအနေ (Environmental factors) ကြောင့်လား? မျိုးရိုး ဗီဇ (Genetic factors) ကြောင့်လား? ဆိုတာကို တိတိကျကျ မသိရ သေးသော်လည်း အဓိက အားဖြင့် နှစ်မျိုး နှစ်စား တွေ့ရှိ ရပါတယ်.. ပြင်ပ မှ ဓါတ်မတည့် မှု (allergies or extrinsic) ကြောင့် ဖြစ်သော ပန်းနာ နှင့် ခန္ဓာ ကိုယ်တွင်း အခြေ အနေ (nonallergies or intrinsic) ကြောင့် ဖြစ်သော ပန်းနာ ဆိုပြီး တွေ့ရ ပါတယ်.. ဓါတ်မတည့် မှု (allergies or extrinsic) ကြောင့် ဖြစ်သော ပန်းနာဟာ အတွေ့ များပြီး လူနာ အားလုံး၏ ၉၀ % ရှိပြီး ကျန် ၁၀ % ကသာ ခန္ဓာ ကိုယ်တွင်း အခြေ အနေ (nonallergies or intrinsic) ကြောင့် ဖြစ်သော ပန်းနာ ဖြစ်ပါတယ်.. ဓါတ်မတည့် ဖြစ်စေသော ပစ္စည်း များမှာ
- နေအိမ် ပတ်ဝန်းကျင် ရှိ နေ့စဉ် ထိတွေ့ နေကျ အရာများ
- တိရစ္ဆာန် အညစ်အကြေးများ နှင့် အမွှေးအမျှင်များ၊ ဖုန်နှင့် အမှိုက်သရိုက်များ (Dust)၊ ပိုးဟပ် အညစ်အကြေးများ (cockroach )၊ အဆောက်အဦး၊ နံရံဟောင်း များ ရှိရေညှိ ပင်များ (mold)၊ ပန်းဝတ်မှုန်များ (Pollen)
- နေအိမ် သုံး ပစ္စည်းများ ၏ အနံ့အသက် များ
- ရေမွှေး နှင့် အမွှေး နံ့သာများ၊ ဆပ်ပြာ ဆပ်ပြာရည် ခေါင်းလျှော်ရည် များ၊ hair spray, hair gel, sun screen, cosmetics, facial cream, deodorant, shaving cream ကဲ့သို့ အသုံး အဆောင် ပစ္စည်း များ၊
- အစား အစာများ
- နွားနို့ (Cow's Milk)၊ မြေပဲ (Peanut)၊ ပဲပုတ် (Soy)၊ ငါး (Fish)၊ တိရိစ္ဆာန် ဥများ (Eggs)၊ ပုဇွန် နှင့် အခွံမာ ပင်လယ်စာများ (Shrimp & other shellfish)၊ ကြာရှည် အထားခံ သော အစားအစာ များ (Preservative Foods)
- သုံးစွဲ နေသော ဆေးများ
- အက်စ်ပရင် (aspirin)၊ beta-blockers (propranolol, atenolol)၊ ပင်နစလင်များ၊
- စက်ရုံ နှင့် ပတ်ဝန်းကျင် မှ အငွေ့များ
- ဆာလဖိုက် ဓာတ်ငွေ့များ၊ ကလိုရာမင်း ဓာတ်ငွေ့များ၊ စက်ပစ္စည်း များမှ အိပ်ဇော ငွေ့များ၊ ဆေးလိပ်ငွေ့၊ ခြင်ဆေးခွေ ငွေ့များ၊ အစ ရှိသဖြင့်...
- အသက်ရှူ လမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးများ
- အဓိက အားဖြင့် အသက်ရှူ လမ်းကြောင်း အထက်ပိုင်း ဗိုင်းရပ်စ်ပိုး ၀င်ရောက်မှု (Upper respiratory tract infection) ကြောင့် ပန်းနာ ရင်ကျပ် ဖြစ်ခြင်းသည် လူကြီး အားလုံး၏ ၈၀% နှင့် ကလေးအားလုံး ၏ ၆၀% တွေ့ရှိ ရပါတယ်...
ပန်းနာရင်ကျပ် ရောဂါ ကုထုံးများ
အဓိက အားဖြင့် အာနိသင် (၂) မျိုး လိုအပ် ၍ သာ စားဆေး၊ ထိုးဆေး၊ ရှူဆေး အနေဖြင့် ထုတ်လုပ် ကြခြင်း ဖြစ်ပါတယ်... ပထမ အာနိသင် မှာ လေပြွန် ကို ကျယ်စေခြင်း ဖြစ်ပြီး ဒုတိယ အာနိသင် မှာ လေပြွန် ယောင်ရမ်း မှုကို ကျစေ ခြင်း ဖြစ်ပါတယ်.. လေပြွန် ကို ကျယ်စေ တဲ့ ဆေးများ မှာ beta 2 agonist (salbutamol, terbutaline, ...), anticholinergic drugs (ipratropium bromide), methyxanthine (Theophylline, Aminophylline, ..); လေပြွန် ယောင်ရမ်း မှုကို ကျစေသော ဆေးများ မှာ corticosteroids (Prednisolone, Beclomethasone, Triamcinolone, Budesonide, ...), Leukotriene modifiers (montelukast, zafirlukast, pranlukast, and zileuton), Cromoglycate (Cromolyn sodium) တို့ ဖြစ်ကြ ပါတယ်.. ရှူဆေးများ (Inhalers) မှာ လေပြွန် ကို တိုက်ရိုက် သက်ရောက်မှု ရှိ၍ ရောဂါ လက္ခဏာ ကို မြန်ဆန်စွာ သက်သာ စေပြီး ဘေးထွက် ဆိုးကျိုး မှာလည်း သောက်ဆေး၊ ထိုးဆေး ထက် စာလျှင် နည်းပါး ပါတယ်... ထို့ကြောင့် ရောဂါ ပြင်းထန် မှုပေါ် မူတည်၍ ရှူဆေး၊ သောက်ဆေး များကို ရွေးချယ် ပေးခြင်း ဖြင့်၎င်း၊ ဆေး တစ်မျိုး နှင့် မလုံ လောက်ပါက နှစ်မျိုး သုံးမျိုး တွဲပေး ခြင်း ဖြင့်၎င်း ကုသ နိုင်ပါ တယ်... လိုအပ် ပါက အောက်ဆီ ဂျင် ပေး၍၎င်း၊ ဆေးများကို စက်ဖြင့် မှုတ်သွင်းနည်း (Nebulizer) ဖြင့်၎င်း လူနာ အခြေ အနေ ပေါ် မူတည်၍ ကုသ ပေးရ ပါမယ်...
ရောဂါ ကာကွယ် ရေး အနေဖြင့် မိမိနှင့် မတည့်သော ဓာတ်ပစ္စည်း များ၊ အစား အသောက် များ၊ အသုံး အဆောင်များ ဂရုစိုက် ရှောင်ရှား ဖို့လို ပါမယ်.. လူဦးရေ ထူထပ် သော နေရာ လေထု ညစ်ညမ်း သော နေရာ များ ကို ရှောင်ရှား ရပါမယ်.. ဆေးလိပ် သောက်သူ ဖြစ်ပါက ဆေလိပ် လုံးဝ ဖြတ်ရ ပါမယ်... ဒါ့ကြောင့် မိမိ ရင်ကျပ် တတ်သော အခြေ အနေ၊ နေရာ ဒေသ၊ အသုံး အဆောင်၊ အပြု အမူ များကို ဂရု စိုက် ရှောင်ရှား ရင်း ကျန်းမာ စွာ နေထိုင် နိုင်ရေး ကို အလေး ထား သင့် ကြောင်း ရေးသား လိုက်ရပါတယ်.. ဘေးဘယာ ရောဂါ အပေါင်းမှ ကင်းဝေး နိုင်ပါစေ..
May 2, 2009
|
0 comments:
Post a Comment