တနေ့သောခါဝယ် -
ငါ့တွေးနယ်ထဲ
ဆွေးကြေကွဲဖွယ်ကို
ရင်၏နှလုံးသား
ဖန်သားပြင်မှ
လောကလှစစ်
မှန်တရားက
ပုံရိပ်ထင်ကာ
မြင်လာမိတယ်….လေ။
လောကစရိုက်
မောဟမှိုက်ကို
မချိရင်မှာ
စတင်ခံစား
ဝေဒနာများဟု
သဗ္ဗညုဟောကြား
မှန်တရားက
ပုံရိပ်ထင်ကာ
မြင်လာမိတယ်….လေ။
အတ္တလူသား
လောဘသားဖြစ်
အ၀ိဇ္ဗ္ဇာဖုံးလွှမ်း
အကန်းပမာ
နေရတာကို
မချိရင်မှာ
ခံရတာမို့
ငြီးငွေ့လူ့ဘောင်
လူ့အပုပ်ကောင်ဟု
ထေရ်မွန်ဟောကြား
မြတ်တရားကြောင့်
ထင်ရောင်မြင်မိ
အမှန်ကိုသိခဲ့တယ်….လေ။
ရာထူးစည်းစိမ်
တွယ်တာမက်မော
လောကသဘောကို
ရွံရှာစက်ဆုပ်
ငါ့အလုပ်မဟုတ်ဟု
မြတ်တရားဒေသနာ
နာခံရတာမို့
ငါ၏အသိတွင်
သတိထင်ခဲ့တယ်….လေ။
သို့မို့ကြောင့်လေ
အမိုက်လောက
လူသားဘ၀မှ
မြင့်မြတ်သာသနာ
စခန်းသာသို့
မျှော်မှန်းလျှောက်လျှက်
ငြိမ်းအေးရာမှန်
ပြည်နိဗ္ဗ္ဇ္ဗာန်ကို
ရည်သန်တောင့်တ
ရောက်လိုလှသည်တကြောင်း
ထိုမှတဖန်
မရောက်ခဲ့ပြန်က
မကြာမညောင်း
ပွင့်လတ္တံ့ကောင်းသော
အရိမေတ္တယျထံ
တရားထူးနာရန်
ပြင်းပြအာသာ
ရှိသည်သာကြောင့်
ငါအပုပ်ကောင်ကို
သရုပ်ဆောင်ဘ၀မှ
လွတ်ရာလွတ်ကြောင်း
ရည်သန်လောင်းသည်
တရားဓမ္မနှင့်
ခန္ဗ္ဇ္ဗ္ဓာဆုံးပါရစေ။ ။
မှတ်ချက်။ ။ ယခုကဗျာမှာ ကျွန်ုပ်တက္ကသိုလ်ဝင်တန်းအောင်ပြီးစ (၂၀၀၀ ခုနှစ်) ကရေးဖွဲ့ထားခြင်းဖြစ်
ပါသည်။
0 comments:
Post a Comment