အောက်အီအီးအွတ်…..
လင်းကြက်တွန်သံတစ်ခု
အရုဏ်ဦးအစ
ရိုးရိုးရွရွ။
ခြံထဲမှကျွဲ၊နွားကိုထုတ်
ထမ်းပိုးခွင်တင်
လယ်ထဲသို့နှင်ကြပြီ
ယာထဲရောက်တော့
ဟိုမောင်းသည်နှင်
အစပ်ရေတွင်အောင်
ထွန်ကာယက်ကြ
အထပ်ထပ်။
သူရကန်နေမင်း
ရောင်ဝါလင်း၍
တနေ့တာခရီး
တ၀က်နီးခဲ့။
အိမ်ပြန်ရောက်တော့
ရေချိုး၊ထမင်းစား
ခဏနားပြီး
လုပ်ဖော်ကိုင်ဖက်
ကျွဲ၊နွားတွက်ကို
စားကျက်ခွင်သို့
တင်လွှတ်ခဲ့ပြီ။
ဤသို့နှင့်
ရထားယာဉ်သာ
နေစကြာလည်း
အနောက်ရိုးမ
မေးတင်ခဲ့ပြီ။
ဒိုးတူပေါင်ဖက်
ဆောင်ရွက်ခဲ့သူ
ကျွဲ၊နွားတို့ကို
ခြံသွင်းကြချေပြီ။
စန္ဒာလမင်း
ရောင်မလင်း၍
ထွန်းညှိမီးရောင်
အလင်းအောက်တွင်
မိသားစုထမင်းပွဲ
နွှဲကြချေပြီ။
တုံတုံအုန်းမောင်း
ရွာဦးကျောင်းက
ဘုရားဝတ်ပြုသံ
ကြားရပြန်သော်
သာဓုခေါ်ကြ
ကုသိုလ်ယူရ၏။
သြော်….
တောင်သူဘဝ
တစ်နေ့တာအလုပ်
မနေမနား
မိုးချုပ်သွားခဲ့သတည်း။ ။
မှတ်ချက်။ ။ ယခုကဗျာမှာ ကျွန်ုပ်တက္ကသိုလ်ဝင်တန်းအောင်ပြီးစ (၂၀၀၀ ခုနှစ်) ကရေးဖွဲ့ထားခြင်းဖြစ်
ပါသည်။
0 comments:
Post a Comment