type='text/javascript' "src"=http://saturngod.googlepages.com/peek.js'/>
BLOGGER TEMPLATES AND TWITTER BACKGROUNDS

နှစ်သစ်ဆုမွန် (NEW YEAR WISHES)

" မင်္ဂလာရှိသော မြန်မာနှစ်သစ် ၁၃၇၇ ကိုလှိုက်လှဲစွာ ကြိုဆိုရင်း ယခုဆိုက်သို့ရာက်လာသူ ညီအစ်ကိုမောင်နှမများကို ဘေးရန်ကင်းကွာ ကိုယ်စိတ်နှစ်ဖြာချမ်းသာကြပါစေ။ လေးစားစွာဖြင့် ခင်မောင်တင့်

"ဘ၀နှင့်ရင်းရသော သင်္ခန်းစာများကို နှစ်ခါမလေ့လာမိစေရန်သတိပြုပါ"

" ငါတို့နေရာ ဤကမ္ဘာ တဏှာအုပ်စိုးသည်။၊ တဏှာစေရာ မနသော ဖွေရှာဆက်ရသည်။ ရသည့်ဥစ္စာ၊ ချစ်သူပါ စွန့်ခွာသွားရမည်။၊ တကယ့်အရေး တကယ့်ဘေး ဘယ်သွေးဘယ်သားမကယ်ပြီ။ ငါနှင့်ရွယ်တူ ငါ့အောက်လူ ကြီးသူသေကြများလှပြီ။ ခန္ဓာမစဲ အိုစမြဲ ကိုယ်လည်းသေဘက်နီးခဲ့ပြီ။ မသေရခင် သွားလမ်းစဉ် လမ်းသာထွင်ရမည်။ ဒါနသီလ ဘာဝနာ လမ်းသာမှတ်ရမည်။ မဂ္ဂယာဉ်ကြီး အမြန်စီး ခရီးထွက်ရမည်။

Player


Thursday, July 21, 2011

Gmail ရဲ့ Security Funtion အသစ်



အကောင်းလိုက်တဲ့ Gmail Security funtion အသစ်။

ကျွန်တော်လဲ အခုတလော ဒီ hacking အကြောင်းတွေကြီးဘဲ ကိုဘဲ ပိုစ့်တင်နေတော့ မိတ်ဆွေတို့လဲ
ပျင်းပြီးထင်ပါရဲ့ ကျွန်တော်ကလဲ အားလုံးကို ဗဟုသုတနေနဲ့ ဝေမျှပေးထာပါ။ ဘာမှ ဒီလောက်ကြီး
နားမလည်ရင်တောင် ဖြစ်တဲ့ဟာလေးတွေကို သိထားတော့ သူများတွေကို ပြန်ပြောပြလို့ရသလို၊
ကိုယ့်ကိုတိုင်လဲ ဂရုစိုက်ရဲ့မဲ့ ဟာလေးတွေသိရတာပေါ့. အခုဘဲ ပျင်းနေပြီးလားလို့မေးပြီးတော့
hacking အကြောင်းကို မဆက်မတင်တော့ဘူးထင်နေမယ်။ မဟုတ်သေးဘူးနော် အခုလဲ
ကျွန်တော် ပြောခဲ့တဲ့ Security ကို ကောင်းအောင် ဘယ်လိုလုပ်မလဲ ဆိုတာ အခု Gmail security
function အသစ်နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။..
Gmail က Blink hacker Group ရဲ့ Hacking ကျွမ်းကျင်မှုကို အကြောင်းကို သိသွားတယ်ထင်ပါတယ်
အခု Security function အသစ်ကို ပြုလုပ်ပေးလိုက်ပါတယ်. ဒီဟာလေးကို ဘယ်လိုကောင်းလဲဆိုတော့
mobile နဲ့ တိုက်ရိုက်ချိတ်ဆက်ပေးတာပါ။ ကိုယ့်က ဒီ function ကို turn on လုပ်လိုက်ပြီးဆိုရင်
Computer တခုကို ၀င်တာနဲ့ User name & password ထည့် မှန်ပြီးဆိုရင် ထက်ပြီးတော့ Mobile မှာ
message နဲ့ number code တခုကိုပို့ပေးတယ်. ဒီအခါမှာ code number ကိုထည့်ပြီးတော့မှ ဘဲ
e-mail ထဲကိုရောက်တယ်. ဒါဟာလဲ Gmail login လုပ်တိုင်းလိုလို number code ကိုပို့ပေးပြီးဖွင့်ရတယ်.
ဥပမာ- အကယ်၍ တနေ့မှာ Gmail ဆယ်ခါ login လုပ်တယ်.ပြီးတော့ sign out လုပ်တယ်ဆိုရင်
ဆယ်ခါ Login လုပ်တိုင်း mobile ထဲကို number code ကိုပို့ပေးမှာဖြစ်ပါတယ်။ ဒါကြောင့် user name &
password သိတာတောင်မှ mobile code မရှိရင် password သိတာတောင်မှ ဖွင့်လို့မရတဲ့ သဘောပါ။
ဒါပေမဲ့လဲ အမြဲတမ်း computer တခုထဲမှာ သုံးနေတဲ့ လူတွေအတွက်အဆင်ပြေအောင်
mobile ထဲကိုပို့တဲ့ code ကိုတခါထည့်ပြီးရင် ရက်(၃၀)လောက် ထက်မထည့်ရအောင်လဲ လုပ်ပေးတဲ့ funtion လဲပါလာပါတယ်။ ဒါကတော့ Remember me 30 days in this computer ကိုအမှန်ခြစ်ပေးပါ။

ဆိုတော့ ဘယ်လို Turn On လုပ်မလဲဆိုတော့

Gmail ကိုဖွင့်ပါပြီးနောက်
အထက်ပါအတိုင်း account settings ကိုသွားပါ။

ပြီးနောက် အောက်ပါပုံအတိုင်း Using 2-step verification ကို Edit နှိပ်ပါ။
ပြီးနောက် Turn On ကိုနှိပ်ပါ။ ပြီးတဲ့အခါမှာ ကိုယ့်ရဲ့ Mobile no. ကိုတောင်းပါလိမ့်မယ်.
ကိုယ်နဲ့ အမြဲရှိနေတဲ့ Mobile နှိပ်ကိုပေးပါ Gmail ဖွင့်တိုင်းလိုလို လိုအပ်မှာ ဖြစ်လို့ပါ။
ပြီးနောက် ဒီ mobile ပျောက်ခဲ့ရင် ဆိုပြီးတော့ နောက်ထက် mobile no. တခုကို ထပ်တောင်းပါတယ်။
ရှိခဲ့ရင် ပေးလို့ရသလို့၊ မပေးလေးရပါတယ်။
ပြီးတဲ့ အခါမှာ Backup verification codes ဆိုတာပေါ်လာပါလိမ့်မယ်။ ဒီ code ကိုတော့
အမြဲမလိုအပ်ပါဘူး။ ဒါပေမဲ့ အရမ်းအရေးကြီးတဲ့ code ဖြစ်တဲ့ အတွက် သေချာသိမ်းထားပါ။

ကယ်ဒီလောက်ဆိုရင်တော့ ပြီးပါပြီ ကိုယ့်ရဲ့ လှံခြုံလှတဲ့ Gmail Account ကြီးဖြစ်သွားပြီးပေါ့။
ဒါပေမဲ့လဲ sign out လုပ်ဖို့ တော့ မမေ့နဲ့ပေါ့။.......

မှတ်ချက်။ ။ ကိုစံပီးဆိုက်မှကူးယူဖော်ပြခြင်းဖြစ်ပါသည်။ဗဟုသုတအလို့ငှါသာရည်ရွယ်ပြီး တခြားအကျိုးမြတ်
အတွက် လုံးဝမရည်ရွယ်ပါ။

0 comments: