type='text/javascript' "src"=http://saturngod.googlepages.com/peek.js'/>
BLOGGER TEMPLATES AND TWITTER BACKGROUNDS

နှစ်သစ်ဆုမွန် (NEW YEAR WISHES)

" မင်္ဂလာရှိသော မြန်မာနှစ်သစ် ၁၃၇၇ ကိုလှိုက်လှဲစွာ ကြိုဆိုရင်း ယခုဆိုက်သို့ရာက်လာသူ ညီအစ်ကိုမောင်နှမများကို ဘေးရန်ကင်းကွာ ကိုယ်စိတ်နှစ်ဖြာချမ်းသာကြပါစေ။ လေးစားစွာဖြင့် ခင်မောင်တင့်

"ဘ၀နှင့်ရင်းရသော သင်္ခန်းစာများကို နှစ်ခါမလေ့လာမိစေရန်သတိပြုပါ"

" ငါတို့နေရာ ဤကမ္ဘာ တဏှာအုပ်စိုးသည်။၊ တဏှာစေရာ မနသော ဖွေရှာဆက်ရသည်။ ရသည့်ဥစ္စာ၊ ချစ်သူပါ စွန့်ခွာသွားရမည်။၊ တကယ့်အရေး တကယ့်ဘေး ဘယ်သွေးဘယ်သားမကယ်ပြီ။ ငါနှင့်ရွယ်တူ ငါ့အောက်လူ ကြီးသူသေကြများလှပြီ။ ခန္ဓာမစဲ အိုစမြဲ ကိုယ်လည်းသေဘက်နီးခဲ့ပြီ။ မသေရခင် သွားလမ်းစဉ် လမ်းသာထွင်ရမည်။ ဒါနသီလ ဘာဝနာ လမ်းသာမှတ်ရမည်။ မဂ္ဂယာဉ်ကြီး အမြန်စီး ခရီးထွက်ရမည်။

Player


Tuesday, July 19, 2011

စဉ်းစားကြ

ကျွဲ၊နွား

စဉ်းစားကြည့်တော့

သူ့ဘ၀သည်

အတ္တလူသား

လောဘသား၏

စေစားခိုင်းခန့်

လုပ်ငန်းတွက်ကို

မငြင်းမကွက်

ထမ်းရွက်ပေးခဲ့။

ကျွဲ၊နွား

စဉ်းစားကြည့်တော့

သူ့ဘ၀သည်

လူ့ဘောင်လောက

သာယာအေးချမ်း

ကြီးပွားတိုးတက်

လူ့ရမ္မက်ကို

အားကုန်စိုက်၍

ဖြည့်ဆည်းပေးခဲ့။

ကျွဲ၊နွား

စဉ်းစားကြည့်တော့

သူ့ဘ၀သည်

လောကဓာတ်တွင်

ပြောစမှတ်ထင်

ခန္ဓာဇိဝိန်

ကြွေသော်မှပင်

ငြိမ်းအေးဘဝ

ရခဲလှ၏။

သြော်….

ဇီဝိန်ပျက်သုဉ်း

ခန္ဓာဆုံးသော်

အသားကိုစား

သားရေနေလှန်း

လောကလူသား

လိုအင်များကို

လိုရာသုံးတွက်

ဆောင်ရွက်ကြလည်း

သနားမညှာ

တရားမပါ

သူ့အသက်ကို

ဖျက်ဆီးနေကြ

ဤကာလတည်း။

မှတ်ချက်။ ။ ယခုကဗျာမှာ ကျွန်ုပ်တက္ကသိုလ်ဝင်တန်းအောင်ပြီးစ (၂၀၀၀ ခုနှစ်) ကရေးဖွဲ့ထားခြင်းဖြစ်

ပါသည်။


0 comments: