type='text/javascript' "src"=http://saturngod.googlepages.com/peek.js'/>
BLOGGER TEMPLATES AND TWITTER BACKGROUNDS

နှစ်သစ်ဆုမွန် (NEW YEAR WISHES)

" မင်္ဂလာရှိသော မြန်မာနှစ်သစ် ၁၃၇၇ ကိုလှိုက်လှဲစွာ ကြိုဆိုရင်း ယခုဆိုက်သို့ရာက်လာသူ ညီအစ်ကိုမောင်နှမများကို ဘေးရန်ကင်းကွာ ကိုယ်စိတ်နှစ်ဖြာချမ်းသာကြပါစေ။ လေးစားစွာဖြင့် ခင်မောင်တင့်

"ဘ၀နှင့်ရင်းရသော သင်္ခန်းစာများကို နှစ်ခါမလေ့လာမိစေရန်သတိပြုပါ"

" ငါတို့နေရာ ဤကမ္ဘာ တဏှာအုပ်စိုးသည်။၊ တဏှာစေရာ မနသော ဖွေရှာဆက်ရသည်။ ရသည့်ဥစ္စာ၊ ချစ်သူပါ စွန့်ခွာသွားရမည်။၊ တကယ့်အရေး တကယ့်ဘေး ဘယ်သွေးဘယ်သားမကယ်ပြီ။ ငါနှင့်ရွယ်တူ ငါ့အောက်လူ ကြီးသူသေကြများလှပြီ။ ခန္ဓာမစဲ အိုစမြဲ ကိုယ်လည်းသေဘက်နီးခဲ့ပြီ။ မသေရခင် သွားလမ်းစဉ် လမ်းသာထွင်ရမည်။ ဒါနသီလ ဘာဝနာ လမ်းသာမှတ်ရမည်။ မဂ္ဂယာဉ်ကြီး အမြန်စီး ခရီးထွက်ရမည်။

Player


Monday, January 2, 2012

THE DAY (03/01/2012) MY DREAMS CAPTURED IN MY MIND!!

I have been searching a PLACE where my life can turn around to my destination of SUCCESS. So I came to Singapore from Myanmar to make my way improved. At first, I was very impressed and proud as I thought my dreams will come true very soon. However as years went by, I realized that this Singapore is still not a right place for me. Because after I have spent 4 years, my life is still the same. At the same time I even dare not think to go back to my mother land, as I don't have enough saving and don't know what I supposed to do if I get back to Myanmar. Alas, what a good luck for me to meet the GREAT OPPORTUNITY on one fine day. While I was waiting for a bus, a young and good look person came and told me whether I want change for a better future of my life. Yes, Off course. From there onwards, I followed with him and attended their meeting. Along the way I realized I was running and hard working against the my destination.

To be continued
ဆက်ဖတ်ရန်

Friday, September 23, 2011

ဘာသာစကား (၂၄)မျိုးမှ မြန်မာဘာသာသို့ ပြန်ဆိုခြင်း



ဘာသာစကား (၂၄)မျိုးမှ မြန်မာသို့ တိုက်ရိုက်ပြန်ဆိုနိုင်သော http://www.myordbok.com/ site တစ်ခုဖြစ်သည်။ မြန်မာဘာသာသို့ ပြန်ဆိုမည့် သူများအတွက် လွယ်ကူ အဆင်ပြေစေပါသည်။ ၎င်း website မှ ဘာသာပြန်ပေးနိုင်တဲ့ ဘာသာ စကား (၂၄)မျိုးတို့မှာ အင်္ဂလိပ်၊ ဟီးဘရူး၊ ဂရိ၊ ပေါ်တူဂီ၊ အာရေဘစ်၊ စပိန်၊ နော်ဝေး၊ ဆွီဒင်၊ ဂျာမန်၊ ရုရှား၊ ဂျပန်၊ တရုတ်၊ ကိုရီးယား၊ မလေးရှား၊ ဗီယက်နမ်၊ ထိုင်း၊ ဟိန္ဒီ၊ ရိုမေးနီးယား၊ ပြင်သစ်၊ ဒပ်ခ်ျ၊ Finish၊ ဖိလစ်ပိုင်၊ Polish နှင့် Danish ဘာသာစကား (၂၄)မျိုး ကို မြန်မာ ဘာသာသို့ ပြန်ဆိုနိုင်မည်ဖြစ်သည်။
Thanks KMO.
ဆက်ဖတ်ရန်

Saturday, August 27, 2011

ဓမ္မစာပေ

(မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးဧ။်ဆုံးမစာ)

အိုးမဖုတ်ခင် အိုးလုပ်စဉ်ဝယ်
အိုးတွင်နှိပ်ခတ် တံဆိပ်မှတ်ကား
မပြတ်မစဲ အိုးပင်ကွဲလည်း
အမြဲမသွေ တည်ရှိနေသို့
ထိုထိုသွေးသား ကလေးများသို့
ဘုရားတံဆိပ် ဘာသာစိတ်ကို
ခပ်နှိပ်နိုင်မှ သက်ဆုံးကျအောင်
ဗုဒ္ဓ၀ါဒီ စွဲ၍တည်မည်
ကိုယ်စီတံဆိပ် ခပ်နှိပ်သောဝ်။ ။



(မိုးကုတ်ဆရာတော်ဘုရားကြီးဧ။်သြ၀ါဒကထာများ၂)

၁။ ငါသည် မုချသေရမည်၊ အချိန်ပိုင်းသာ လိုတော့သည်။

၂။ ရခဲလှတဲ့ လူ.ဘဝကို အလွဲသုံးစား အချိန်တွေ မဖြုန်းလိုက်ပါနဲ.။

၃။ ခန္ဓာကိုယ်ဟာ မွေးကတည်းက အသေဘက်ကို ပြေးနေတယ်။

၎။ သက်တမ်းတိုတဲ့ ဘဝကလေးမှာ တရားအားမထုတ်ဘဲ အချောင်ခိုနေရင် အသေစောက ကိုယ်ကျိုး နည်းလိမ့်မည်။

၅။ မနေ.ကထက် ယနေ. သေဖို. တစ်ရက်နီးသွားပြီ။

၆။ မမျှော်လင့်ဘဲ ဖြုန်းခနဲ နာလည်းနာနိုင်သည်။ သေလည်း သေနိုင်သည်။

၇။ ခန္ဓာ၏ ဝတ္တရားက အသေရှာတာ၊ ဉာဏ်၏ ဝတ္တရားက အသေရှောင်တာ။

၈။ အသေမဦးမီ ဉာဏ်ဦးစီးပြီး ဝိပဿနာတရား အားထုတ်ပါ။

၉။ အပြေးမရပ်တဲ့ ခန္ဓာကိုယ် သုဿန်မရောက်ခင် မဂ္ဂင်အလုပ် အမြန်လုပ်ပါ။

၁၀။ သာသနာနဲ.ကြုံမှ သစ္စာလေးပါး ထွက်မြောက်ရေး တရားပေါ်မယ်။

၁၁။ ကိစ္စဟူသရွေ. မဂ်တား- ဖိုလ်တားလို. မှတ်ပါ။

၁၂။ တဏှာ- လောဘ ခိုင်းတာလုပ်နေလျှင် သေတဲ့အခါ အပါယ်ရောက်မယ်။

၁၃။ အဝိဇ္ဇာ - တဏှာ ကိန်းလာရင် အရှက်အကြောက် မရှိတော့ဘူး။

၁၄။ အလကားနေသရွေ.၊ အအားနေသရွေ. အမှားနဲ.နေခြင်းလို. မှတ်ပါ။

၁၅။ တဏှာကို အဖော်မလုပ်ဘဲ ဉာဏ်ကို အဖော်လုပ်ပါ။

၁၆။ ရက်ရာဇာ၊ ပြဿဒါး ရက်မရွေးနဲ.၊ သူတော်ကောင်း အလုပ် လုပ်နေတဲ့ အချိန်ဟာ မင်္ဂလာအချိန်လို. မှတ်ပါ။

၁၇။ ကိုယ့်ကိုယ်ကို သနားရင် ဝိပဿနာလုပ်ကြ၊ ကိုယ့်ကိုယ်ကို မသနားရင် သားရေး၊ သမီးရေး၊ စီးပွားရေး လုပ်ကြ။

၁၈။ သစ္စာတရားကို နာမှ သိမယ်၊ သိမှ ကျင့်မယ်။

၁၉။ နားက တရားကိုနာပါ၊ ဉာဏ်က ခန္ဓာကို လှည့်ပါ။

၂၀။ နိဗ္ဗာန်သည် ကံ၏ အကျိုးမဟုတ်၊ ဉာဏ်၏ အကျိုးသာ ဖြစ်တယ်။

၂၁။ တရားနာနေသည့် အချိန်ဟာ မတရားအလုပ် မလုပ်တဲ့ အချိန်ပဲ။

၂၂။ မိမိခန္ဓာရဲ. အရှိဖြစ်ပျက်ကို အသိမဂ်နဲ. တကယ်သိအောင်လုပ်ပါ။

၂၃။ ရှေ.စိတ်ကို နောက်စိတ်က ကြည့်တာ ဝိပဿနာ။

၂၄။ တစ်(၁) စိတ်ကို နှစ်(၂) စိတ်နဲ.ကြည့်တာ ဝိပဿနာ။

၂၅။ ရှေ.အသေကို နောက်အသေနဲ.ကြည့်တာ ဝိပဿနာ။

၂၆။ အရှိကို အသိလိုက်တာ ဝိပဿနာ။

၂၇။ ရှေ.က ဖြစ်ပျက်ပြီးတာ အနိစ္စ၊ နောက်က ပျက်မှန်းသိတာ မဂ္ဂ။

၂၈။ အရှိက ဖြစ်ပျက်ဓမ္မ၊ အသိကတော့ မဂ္ဂ။

၂၉။ ခန္ဓာက လောင်စာ၊ ဇရာ မရဏက မီး။

၃၀။ ဘယ်ခန္ဓာရရ၊ လောင်စာနဲ.မီး တွဲလျက်ကြီး။

၃၁။ လောင်စာသိမ်း၍ မီးငြိမ်းတာ နိဗ္ဗာန်။

၃၂။ ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းတာ နိဗ္ဗာန်။

၃၃။ ကိလေသာ အပူဓာတ်တွေ အေးငြိမ်းတာ နိဗ္ဗာန်။

၃၄။ ခန္ဓာက အနိစ္စ၊ တွေ.တာက မဂ္ဂ၊ သေတာက သမုဒယ၊ ဆိုက်ရောက်တာက နိရောဓ။

၃၅။ ဖြစ်ပျက်သမျှ သင်္ခါရ ဒုက္ခသစ္စာမှတ်၊ သင်္ခါရကို ငါကောင်ထင် ခင်မင် သမုဒယ၊ ရုပ်နာမ် အားလုံး ဖြစ်ပျက်သုဉ်း ချုပ်ဆုံး နိဗ္ဗာန်မှတ်၊ ချုပ်ဆုံးမှုတွင် ဉာဏ်သက်ဝင် သိမြင် မဂ်ဟုမှတ်။

(မိုးကုတ်ဆရာတော်ဘုရားကြီးဧ။်သြ၀ါဒကထာများ)

၁။ ဖြစ်ပျက်သမျှ ၊ သင်္ခါရ ၊ ဒုက္ခ သစ္စာ မှတ်၊ ဖြစ်ပျက်မှုတွင် ၊ ငါကောင်ထင် ၊ ခင်မင်သမုဒယမှတ် ၊ ရုပ်နာမ် အားလုံး ၊ ဖြစ်ပျက်သုဉ်း၊ ချုပ်ဆုံး နိဗ္ဗာန်မှတ် ၊ ချုပ်ဆုံမှုတွင် ၊ ဉာဏ်သက်ဝင် ၊ သိမြင်မဂ်ဟုမှတ် ။
၂။ ယုံကြည်ကျမ်းမာ ၊ စိတ်ဖြောင့်စွာ ဖြင့် ၊ လွန်စွာ အားထုတ် ၊ နာမ် နှင့် ရုပ်ကို ၊ ဖြစ်ချုပ်ဉာဏ်မြင်၊ ဤငါးအင်၊ မှန်ပင်မဂ်ရကြောင်း။
၃။ မစွန့်ကာမ ၊ ဆရာမရှိ ၊ ဝီရိယလျှော့၊ အားအင်ပျော့ခါ ၊ လွန်စွာယူမှား ၊ဤငါးပါး ၊ တရားမဂ်ဖိုလ် ဝေးလေသတည်း။
၎ ။ သူတော် ဆည်းကပ်၊ မြတ်တရားနာ ၊ လျော်စွာအကျင့် ၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ ။
၅ ။ ငါသည် မုချ သေရမည်၊ အချိန်ပိုင်းသာ လို တော့ သည် ။

======================================================

၁။ သစ္စာလေးပါး ဆိုတာ - သမုဒယသစ္စာ ၊ ဒုက္ခ သစ္စာ ၊ မဂ္ဂသစ္စာ ၊ နိရောဓသစ္စာ ။
၂။ ရခဲတဲ့ဘဝ လေး မှာ အလကား အချိန်တွေ မဖြုန်းလိုက်ပါနဲ့ ။
၃။ နားက တရားနာ ပါ ၊ ဉာဏ်က ခန္ဓာလှည့်ပါ ။
၎။ တရားနာတာသည် မိမိ အရေး ၊ တရားအားထုတ်တာ သည် မိမိအရေး ။
၅။ နားကြီးကြီးနဲ့ တရားနာပါ ။
၆။ ဝိပဿနာ အားမထုတ်ဘဲနဲ့ နေ့ရွှေ့ ရက်ရွှေ့ ရွှေ့ နေတာသည် ဉာဏ်ကမဦးဘဲ အသေက ဦးသွားရင် ကိုယ့် အတွက်နာမယ် ။
၇။ ဝိပဿနာ အားထုတ်တဲ့ အခါမှာ ကိလေသာ ကြားမခိုစေနဲ့ ။
၈။ ပဋိစ္စ သမုပ္ပါဒ် ဆိုတာ စာထဲမှာ ရှိတာမဟုတ်ဘူး ။ မိမိခန္ဓာ ထဲမှာ ရှိတဲ့ တရား။
၉။ မိမိ ခန္ဓာ ထဲမှာ ရှိတဲ့ ပဋိစ္စ သမုပ္ပါဒ် ကိုမိမိ ဉာဏ်နဲ့ ရှင်းအောင်လုပ်ပါ ။
၁၀ ။ စာပဋိစ္စ သမုပ္ပါဒ် သိတာ သည် သညာသိ ၊ ခန္ဓာပဋိစ္စ သမုပ္ပါဒ် သိတာမှ ပညာသိ ။
၁၁။ သညာသိ နဲ့ နိဗ္ဗာန်မရောက်နိုင်ပါ ၊ ပညာသိမှ နိဗ္ဗာန် ရောက်နိုင်မယ် ။
၁၂။ ရှေ့ - နောက်ခွဲတတ်ပါစေ ။ မိမိ အရေး က ရှေ့ထား ၊ သားရေး သမီးရေး စီးပွါးရေး က နောက်ထား ။
၁၃။ ဘဝ ကူးကောင်းအောင် မလုပ်ပါနဲ့ ၊ ဘဝ ချုပ်ငြိမ်းအောင်လုပ်ပါ ။
၁၄။ဒါန က သံသရာ ရှည်တာလား ၊ ဒါန နောက်က အသိ မလိုက်လို့ သံသရာ ရှည်တာလား ။
၁၅။ ဒါန နောက်က အ သိ မလိုက်လို့ သံသရာ ရှည်တာပါ ။
၁၆။ သစ္စာ သိလျှင် ခန္ဓာရောင်းလှူပါ ၊ သစ္စာ မသိလျှင် သစ္စာ သိအောင် အလျင်လုပ်ဦး။
၁၇။ အိုရာက နာရာ မရောက်ခင် ဝိပဿနာလုပ်ပါ ။
၁၈။ အရှိ နဲ့ အသိ ကိုက်အောင် လုပ်တာ ဝိပဿနာ။
၁၉။ ရှေ့စိတ်ကို နောက်စိတ်နဲ့ ရှု တာ ဝိပဿနာ ။
၂၀။ ရှေ့ နာမ်ကို နောက်ဉာဏ် နဲ့ ရှု တာ ဝိပဿနာ။
၂၁။ ရှေ့ အနေ ကို နောက်အနေ နဲ့ ရှုတာ ဝိပဿနာ။
၂၂။ အသေဖြစ်ပျက် ၊ အရှင်က မဂ် ၊ အပျက်နဲ့ မဂ် နဲ့ ကိုက်အောင် ရှုတာ ဝိပဿနာ။
၂၃။ ရှေ့ က ဖြစ်ပျက်၊ နောက်ကမဂ်နဲ့ ကိုက်အောင် ရှုတာ ဝိပဿနာ။
၂၄။ အသေ ကို အရှင်ကကြည့် နေတာ ဝိပဿနာဖြစ်မည် ။
၂၅။ အသေ က ဖြစ်-ပျက်၊ အရှင် က မဂ်၊ အပျက်နဲ့ မဂ် ကိုက်အောင် ကြည့်တာ ဝိပဿနာ။
၂၆။ သူများစိတ် အကဲမခတ်နှင့် ၊ မှားသော်ရှိ မှန်သော်ရှိ ကိုယ့်စိတ် ကို ကိုယ် အကဲခတ်တာမှအမှန်ရမည် ။
၂၇။ အလုပ်ကြည့်ချင် ရင် ခန္ဓာ ကြည့်၊ အလုပ်စဉ် ကြည့်ချင်ရင် မှတ်တမ်းကြည့် ။
၂၈။ ကိုယ့်စိတ် ဖြစ်တာ ကိုယ်မ သိတာ အရုပ် အဆိုးဆုံး ။
၂၉။ ကိုယ့်စိတ် ဖြစ်တာကိုယ် အကဲ ခတ်နိုင်မှ ဝိပဿနာ ။
၃၀။ ခန္ဓာ ကိုယ်ဟာ မွေးကတည်းက အသေဘက်ကို ပြေးနေတယ် ။
၃၁။ ဘယ် ဗေဒင်မှ မယုံကြနဲ့ ၊ ခန္ဓာက သူ့လမ်း သူ ပြေးနေတော့ မနေ့ ကထက် ယနေ့ သေဖို့တရက်ပိုနီးသွားပြီ ဆိုတာ သာ ယုံလိုက်ပါ ။
၃၂။ ခန္ဓာ ၏ဝတ္တရား က အသေရှာတာ ၊ ဉာဏ်၏ ဝတ္တရား က အသေရှောင်တာ ။
၃၃။ ခန္ဓာ က အပြေးသွားနေတော့ သေ ကဦး၍ ဉာဏ် က နောက်ကျသွားလိမ့်မည်။
၃၄။ အပြေး မရပ်တဲ့ ခန္ဓာ ကိုယ်၊ သုဿန်မရောက် ခင် မဂ္ဂင် အလုပ် မြန်မြန်လုပ်ပါ ။
၃၅။ အသက်တမ်း ခပ်တိုတိုလေးမှာ ခပ်ခိုခိုလုပ်နေမယ် ဆိုရင် အသေစောသွားရင် ကိုယ်ကျိုးနည်း လိမ့်မယ် ။
၃၆။ သာသနာ နဲ့ ကြုံမှ သစ္စာ လေးပါး တက်မြောက်ရေး တရားပေါ်တယ် ။
၃၇။ ကိစ္စ ဟူသရွေ့ သည် မဂ်တား ဖိုလ်တားလို့ မှတ်ပါ ။
၃၈။ ဒကာ - ဒကာမ တွေဟာ တဏှာ( လောဘ) ခိုင်းတာ ကို ကျွန်သားပေါက် ပီပီ လုပ်နေကြတာပဲ ။
၃၉။ တဏှာကို အဖော်မလုပ်နဲ့ ၊ ဉာဏ်ကို အဖော်လုပ်ပါ ။
၄၀။ အလကား နေသရွေ့ အအားနေသရွေ့ အမှားချည်းသာ လို့ မှတ်ပါ ။
၄၁။ ယခု သားနဲ့ သမီးနဲ့ ဆွေနဲ့ မျိုးနဲ့ ပစ္စည်း ဥစ္စာ တွေနဲ့ မသိ ပြုံး - ပြုံးနေသလောက်၊မသိပျော် ပျော် နေသလောက် နောင်သေခါနီး အိပ်ရာ ညောင်စောင်းမှာ မျက်ရည်ကျရပါလိမ့်မည် ။
၄၂။ ကိုယ့်ကိုကိုယ် သနားရင် ဝိပဿနာလုပ်ကြ၊ ကိုယ့်ကိုကိုယ်မသနား ရင်
သားနဲ့ မယား - အလုပ်လုပ် ကြ ။
၄၃။ အသက်ကြီးလေလေ ကံမွဲ - ဉာဏ်မွဲ လေလေ မှတ် ၊ ကံမွဲတာ အရေးမကြီး ၊ ဉာဏ်မွဲရင်နိဗ္ဗာန် မရောက်။
၄၄။ ကံကို ဉာဏ်က ဖြတ်မှ နိဗ္ဗာန် ရမှာ ၊ ဉာဏ်မပါရင် ကံက ချယ်လှယ်သွားလိမ့်မည်။
၄၅။ နိဗ္ဗာန် သည် ကံ၏အကျိုး မဟုတ် ၊ ဉာဏ် ၏အကျိုး ဖြစ်တယ် ။
၄၆။ လူပြော - သူပြောတွေ မယုံနဲ့ ၊ မိမိခန္ဓာ က ပြောတာကိုသာ အယုံကြီး ယုံလိုက်ပါ ။
၄၇။ ခန္ဓာကြီး ရဲ့ စွမ်းရည် သတ္တိ ပင်ကို သဘော က ဖြစ်မှု - ပျက်မှု ပဲ ရှိတယ် ။
၄၈။ ဝိပဿနာ က ခန္ဓာမလို ချင်အောင် ရှုတာ ။
၄၉။ ဒါန သီလ သည် ကိလေသာရောဂါ သက်သာရုံ ရမယ် ၊ ဝိပဿနာ အလုပ်ပါ လုပ်မှသာ ရောဂါ ပျောက်မည်။
၅၀။ အလုပ် တရား ဆိုတာ ခန္ဓာ အရှိနဲ့ ဉာဏ်အသိ နဲ့ ကိုက်အောင် လုပ်တာ ။
၅၁။ ခန္ဓာ နဲ့ ငါ နဲ့ မရောပါနဲ့ ။
၅၂။ တရားနာ တယ် ဆိုတာ ဒီ အချိန်မှာ မတရားအလုပ်ကို မလုပ်တဲ့ အချိန်ပဲ ။
၅၃။ ကြားတဲ့ တရားနဲ့ သိတဲ့ တရား နှစ်ခု ထပ်ရင် သောတာပန် တည်နိုင်တယ် ။

မိုးကုတ် ဩဝါဒ ကထာ ပြီး၏ ။

This article is shared by Ko Myat Thu (Cherry Internet Guide) . Thanks.
ဆက်ဖတ်ရန်

Monday, August 22, 2011

4th YEAR IN SINGAPORE REMINDER

It is today that the 4th year I have been in Singapore. So I wish all being in happiness, wealth and peace. At the same time, I am getting older and older to face the messenger of the death. However I am not afraid as I have prepared to the best of my life by doing good deeds and supporting my parents. I believe whatever I do (did) will come along with me all the way to my final destination of Nibbana as I take refuge to the Buddha, Dhama & Sangha. One may think these small little merit may not be enough to support for a better future. How's your opinion? Again I would like to remind my friends all to review and revise what we have done and what should we do?
ဆက်ဖတ်ရန်

Saturday, August 20, 2011

FACEBOOK အကောင့်ဖျက်နည်း

https://www.facebook.com/help/contact.php?show_form=delete_account

ပြီးရင်ကိုဖျက်ချင်တဲ့ Facebook အကောင့်နဲ့ Log in လုပ်ပါ...........

ပေါ်လာတဲ့ထဲက Submit ကိုကလစ်ပါ..............

.

နောက်ထပ်ပေါ်လာထဲ မှာ ကို့ရဲ့ Facebook password နဲ့ စာလိမ်လေးကိုဖြည့် ပြီး Okay ကိုသာ ကလစ်လိုက်ပါက သင်ရဲ့အရှုပ်ထုတ်ဖြစ်နေတဲ့ Facebook အကောင့်လုံးဝ ပျက်သွားမှာပါ.............

My Special Thanks to SLIP.

ဆက်ဖတ်ရန်

Monday, August 8, 2011

Blog မှာ Pdf Button ထည့်နည်း



ကျွန်တော် Save Blogger Post As Pdf button ထည့်နည်းကို တင်ပြမှာဖြစ်ပါတယ်။ ဒါပေးမဲ့ ကျွန်တော် အသုံးပြုကြည့်တဲ့အခါ မြန်မာစာလုံးတွေ မပေါ်တာကိုတွေ့ရပါတယ်။ အင်္ဂလိပ်စာလုံးတွေတော့ အဆင်ပြေပါတယ်။ ဒါကြောင့် မြန်မာစာလုံးဘယ်လိုပေါ်အောင် လုပ်ရမလဲဆိုတာ စာဖတ်သူများစမ်းကြည့်လို့ အဆင်ပြေရင် ကျွန်တော်ကို လက်တို့ပါအုံးနော်။ လုပ်နည်းက လွယ်ကူပေးမဲ့ မြန်မာလို မပေါ်တာတော့ စိတ်မကောင်းစရာဘဲ။
1. မိမိ Blog မှ Layout ကို click လိုက်ပါ။
2. Edit Html ကို click လိုက်ပါ။ Expand Widgets ကို အမှန်ခြစ်ပေးလိုက်ပါ။အောက်က code ကိုရှာလိုက်ပါ။



3.အထပ်ပါ code ရဲ့ အောက်မှာ အောက်က code တွေကို ထည့်လိုက်ပါ။ ပြီရင် Save လိုက်ပါ။ ပြီပါပြီ။



ကိုမိုးထက်မြင့်အား ကျေးဇူးတင်စွာဖြင့်။
ဆက်ဖတ်ရန်

BIOS Password ကို Remove လုပ်နိုင်ဖို့

Thursday, November 11, 2010

BIOS password မေ့သွားခဲ့ရင် အဲ့ဒီ password ကို ဘယ်လိုပြန်ဖျက်မလဲဆိုတာ အရေးကြီးပါတယ် ။ သို့မဟုတ်ရင်တော့ Windows တင်ရတဲ့ အခါမှာ သူများစက် သွားတင်နေရတာ တော်တော် ဒုက္ခ ရောက်လှပါတယ်။ နောက်ပြီWindows ရဲ့ Password မေ့ခဲ့ရင်တော့ reset disk ဖန်တီးပြီ password ပြန်ခေါ်တာ၊ sade mode တို့ကနေ ပြန်ဖျက်နိုင်ပါသေးတယ်။ အဲ့ဒီလို မေ့တဲ့အခါမှာ physically အားဖြင့် CMOS battery ကိုဖြုတ်ပြီ removing လုပ်တာတို့ စတဲ့ ကြားဖူးနားဝ တွေနဲ့ ဖြေရှင်းတာလဲ မရဘူး။ ဒါကြောင့် BIOS password မေ့လို စိတ်ညစ်နေရင် အောက်က PC CMOS cleaner က ဖြေရှင်းပေးပါလိမ့်မယ်.။ Free လဲဖြစ် ၊ အသုံးပြုရလဲ လွယ်ကူတာမို့ တင်ပေးလိုက်တာပါ။ မှုလဆိုဒ်ကိုပါ တခါတည် တင်ပေးလိုက်ပါတယ်။ အသေးစိတ်သိချင်က အဲ့ဒီမှာ သွားသာ လေ့လာ ဖတ်မှတ် ဒေါင်းလုပ်လုပ်ကျပေးတော့။

PC CMOS Cleaner Features:

* Support all x86, x86_64 Personal Computers.
* Support most BIOS, such as: AWARD, AMI, Compaq, Phoenix, Samsung, IBM, Compaq, DTK, Thinkpad, Sony, Toshiba and so on.
* Display the superior passwords of the BIOS .
* Remove BIOS password (will set the BIOS to default status, need reset date).
* Set the BIOS to default state

How to reset BIOS Password?

1. Download ISO file by မှုလဆိုဒ်မှ အသေးစိတ်လေ့လာ ဒေါင်းရန်
2. Burn the ISO file to CD
3. Set the BIOS to boot from CD.
4. Insert the CD you burned and reboot your computer. The software then automatically runs.
5. Use PC CMOS Cleaner to finish the job.

POWER ISO မရှိခဲ့လျင် ( အွန်လိုင်းမှာ တိုက်ရိုက် ရှာပေး ညွန်းဆိုထားခြင်းဖြစ်ပါတယ်။ )

Mediafire-1
Mediafire-2

ကိုမိုးထက်မြင့်ဆိုက်မှ တဆင့်ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ကျေးဇူးတင်စွာဖြင့်
ဆက်ဖတ်ရန်